In Married Life; Episode [10]

1.8K 75 14
                                    

• ချစ်လူမိုက် ချစ်လို့မိုက်ပါတယ်
             In Married Life, EXTRA •

Episode (10)

ရွာတောင်ပိုင်းတွင်ရှိသော သူကြီးအိမ်ဆီ အပြေးအလွှားနဲ့ရောက်လာလေတော့ အိမ်ရှေ့ကွပ်ပျစ်တွင်စကားထိုင်ပြောနေကြသည့် ဆရာလေးနဲ့သူကြီးကိုမြင်လိုက်ရသည်။

" နက္ခပါလား ရေးကြီးသုတ်ပြာနဲ့ဘာဖြစ်လာတာလဲ "

သူကြီးရဲ့စကားကိုပြန်မဖြေသေးဘဲ ဆရာလေးသုတကိုသာ အရင်လှမ်းကြည့်လိုက်လေတော့.. ခပ်အေးအေးကျောင်းဆရာလေးမှာ နက္ခကို အပြုံးလေးဖြင့်လှမ်းကြည့်လို့နေသည်။

" သူကြီးနဲ့တော့ပြောစရာမရှိပါဘူး "

" အဲ့တော့ မင်းကဘယ်သူနဲ့တွေ့ချင်လို့ လာတာတုန်း "

" ဆရာလေးနဲ့စကားပြောစရာကိစ္စတွေရှိလာလို့ ဒီကိုရောက်လာရတာပဲ သူကြီးရေ "

အကြမ်းရည်တစ်ပန်းကန်ကို ခပ်မြန်မြန်ငဲ့သောက်ရင်း ထိုစကားကိုပြောလိုက်လေတော့ ဆရာလေးမှာ အံ့ဩတကြီးဖြင့်..

" ကျုပ်ကိုပြောစရာရှိတယ်ဆိုတော့ ဘာများလဲ "

နက္ခစကားကြောင့်အံ့ဩတကြီးဖြစ်သွားသည်မှာ ဆရာလေးတစ်ယောက်ထဲတော့မဟုတ်။
သူကြီးမှာလည်း နက္ခအား အံ့ဩတကြီးမျက်လုံးလေးများဖြင့် လှမ်းကြည့်နေ၏။

" ကျုပ်က နှစ်ယောက်ထဲစကားပြောချင်တာ ဖြစ်နိုင်ရင် ကျောင်းပြန်ရင်း ပြောကြရအောင် "

" ကောင်းပြီလေ ဒါဆို အခုပဲသွားကြရအောင်.. သူကြီးကိုကျွန်တော်ပြောထားတဲ့ကိစ္စလေးစဉ်းစားပေးထားပါအုံးနော် "

" စိတ်ချ ဆရာလေး "
သူကြီးမှာ ဆရာလေးသုတကို ခေါင်းတညိမ့်ညိမ့်ဖြင့်ပြန်ဖြေသည်။

ရွာလမ်းမကြီးအတိုင်း နှစ်ယောက်သားလျှောက်လာခဲ့လိုက်ကြတာ သူကြီးအိမ်နှင့် တော်တော်လေးဝေးလာခဲ့လေပြီ။

" ကျုပ်ကိုပြောမယ်ဆိုတာက ဘာများပါလဲ "

ဆရာလေးဘက်က အရင်စကားစလိုက်လေမှ..

" ကျုပ်က အပြောမတတ်ဘူးဆရာလေး အဲ့တော့အခုပြောမဲ့စကားဟာ ဆရာလေးကိုစွပ်စွဲသလိုဖြစ်ကောင်းဖြစ်နေမယ်လို့ထင်တယ် ဒါပေမယ့် ဒီကိစ္စက ကျုပ်သိကိုသိရမှဖြစ်မှာမို့လို့ပါ "

ချစ်လူမိုက် ချစ်လို့မိုက်ပါတယ် (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now