part-1💚

256 7 0
                                    

                

        တိတ်ဆိတ်လွန်းတဲ့လကွယ်ညက လိုတာထက်ပိုရှည်ကြာနေခဲ့သလို..

နန်းဆောင်တွင်းမှာထွန်းညှိထားတဲ့ဆီမီးခွက်တွေလည်း လေပြင်းတစ်ချက်ကြောင့် အခန်းတစ်ခုလုံးအမှောင်အတိပင်...

တိတ်တဆိတ်ဝင်ရောက်လာတဲ့လူတစ်ယောက်မကတဲ့အရိပ်အယောင်တွေ...

ဝတ်စုံအနီတွေအပြည့်ဝတ်ဆင်ထားတဲ့လူ ၁၀ယောက်လောက်က နန်းဆောင်တွင်းရှိအိပ်ယာပတ်လည်၌ဝန်းရံလျက် လက်၌ကိုင်ဆောင်ထားသောထူးဆန်းသည့် မိုးကြိုးသွားလိုဓားတွေမှဖြတ်ခနဲအလင်းတန်တွေကအဆက်မပြတ်ထွက်ပေါ်လာသလို...

"အသေသတ်ရမှာလား"

"ခေါင်းဆောင်လိုချင်တာ ဒဏ်ရာမရပဲသေဆုံးခြင်း"

"လကွယ်ညရဲ့မိုးကြိုးသွားက အသင့်တော်ဆုံးပါပဲ"

အပေါ်မှတစ်ယောက်တစ်လှည့်ပြောကြားနေသံတွေအားသတိထားမိကာ အိပ်ယာအောက်ရှိဓားအားမြဲနေအောင်ကိုင်ထားလိုက်မိသည်...

"နောက်ဆုတ်နေ ငါကိုယ်တိုင်လုပ်မယ်"

၁၀ယောက်ထဲမှအကြီးဆုံးထင်ရသည့်သူထံမှခပ်ပြတ်ပြတ်စကားသံကြောင့်အုံနေတဲ့လူတွေနောက်ကိုအနည်းငယ်ဆုတ်သွားကြသည်...

"လမိုက်ညရဲ့မိုးကြိုးသွားက ကျင့်ကြံတာနှစ်ရှည်မှရောဂါရှာမရပဲသေမှာ၊ ငါလုပ်မှရမယ်"

အိပ်ယာအောက်မှနေ၍သူစွမ်းအားတွေဘယ်လောက်စုဆောင်နေသည်အားခန့်မှန်း၍ရသည်...

လကွယ်ညကြီးတိမ်ကင်းစင်နေပေမဲ့ ရုပ်တရက်ပဲမိုးကြိုးတွေပစ်ချလာသည်..

"ဂျိမ်း...ဂျိမ်း...!!!!"

"တတိယမင်းသား နူတ်ဆက်ပါတယ်"

လက်နှစ်ဖက်ကိုင်ကာမြောက်တက်လာတဲ့ဓားကအလင်းရောဂ်ကိုမြင်လိုက်သည်နှင့်စောင်အားဆွဲခွာပြီး ဓားဖြင့်တစ်ဖက်လူရဲ့ဓားအားခါထုတ်လိုက်သည်...

"မင်းတို့ဘယ်သူတွေလဲ၊ဘယ်သူလွှတ်လိုက်တာလဲ"

မျက်နှာတွေကိုပါအနီရောင်အဝတ်တွေနဲ့အုပ်ထားတဲ့လူတွေကဘာစကားမှပြောမလာပဲရှေ့တိုးလာကြသည်...

Prince Wang's AmuletWhere stories live. Discover now