Part-9💚

117 10 1
                                    


အခန်းထဲမှအလောတကြီးပြေးထွက်သွားတဲ့ အနီရောင်လေးက အရှက်သည်းချက်ပဲ...

မနက်ကကိစ္စကလည်း ရည်ရွယ်ချက်ရှိလို့မဟုတ်ပေမဲ့
စောစောစီးစီးလှုပ်ရွနေတဲ့ကိုယ်လုံးလေး​ကြောင့် စနောက်လိုက်ခြင်းသာ...

"ကိုယ်လုပ်ပြီးကိုယ်မမှတ်မိတာ မင်းပဲရှိလောက်လားနော်...အဟွန်း!..."

မနေ့ညက စအိပ်တုန်းအချိန်ကတော့ ရှောင်းကျန့်က ငြိမ်ငြိမ်လေးပါပဲ...

သူ့အိပ်ယာပေါ်မှာသူဘာသာသူအိပ်နေခြင်းသာ..

ညသန်းခေါင်လည်းကျရော...

ချမ်းပါတယ်ဆိုပြီး ဘေးမှာရှိတဲ့သူ့အိပ်ယာပေါ်
လိမ့်လိမ့်ပြီးရောက်လာတာ...

ရီဖို့တော့အကောင်းသား...

အိပ်ပါစေဆိုပြီး စောင်အသာခြုံပေးတော့ ဘေးကပ်အိပ်နေတဲ့သူ့ ကိုဖက်တွယ်လာတာ...

ခဏတော့ကြောင်သွားပေမဲ့ ပြန်နေရာချပေးလည်းပြန်လာဖက်ပြန်တယ်...

ခဏခဏဖယ်ချတော့ ခြေထောက်တွေနဲ့ပါအတင်းခွလာသူ...

ပြောသေးတယ်...

"စောင်လေးရယ်...ချောမကျသွားပါနဲ့...ငါချမ်းတယ်တဲ့.." လေ...

ဝမ်တိုင်းပြည်ကမင်းသားကိုစောင်တစ်ထည်နဲ့နှိုင်းရဲ
တာရှောင်းကျန့်ပဲရှိလောက်တယ်...

သူပြောတာလည်းမှန်လောက်တယ်...တွယ်ဖက်ထားတဲ့ကိုယ်လေးက တုန်တုန်သွားတာ...
သူဖတ်ထားတဲ့အတိုင်းအိပ်လိုက်မိတော့ ညအချိန်တောင်အတော်လင့်နေပြီ...

မနက်မလင်းခင်မှသေချာအိပ်ရတဲ့သူက အအိပ်ဆက်လွန်တော့ ဖက်တွယ်ထားတဲ့ကိုယ်လုံးလေးတစ်ခါလွန့်လူးလာတာနဲ့နိုးတော့တာပဲ...

ဒါတောင်ပွစိပွစိနဲ့ဘာတွေပြောမှန်းမသိသေး...

ချမ်းနေတယ် ထင်လို့ တိုးဖက်ပေးလိုက်မိသလို..
သူကလည်းပိုတိုးဝင်လာတာ...

နောက်တော့ သူ့ရင်ခွင်ထဲအိပ်နေမှန်းသိတော့အလန့်တကြားနောက်ဆုတ်လိုက်သူအားပြန်ဆွဲဖက်ကာ ရင်ခွင်ထဲကို နောက်တစ်ခါသွင်းလိုက်တာက..

Prince Wang's AmuletWhere stories live. Discover now