Part-7💚

132 9 2
                                    

         "မင်းသားဝမ်!..."

ခပ်တင်းတင်းဆုတ်ကိုင်ထားတဲ့လက်ကောက်ဝတ််ကတင်းကြပ်မှုအားမခံနိုင်၍ ခေါ်လိုက်ခြင်း...

ထိုအခါမှတိခနဲ့ရပ်သွားတဲ့ခြေလှမ်းတွေ...

"အားရှင်းကျဲ....မင်းသားရှောင်းကျန့်အပြုအမူတွေအတွက်ကျွန်တော်ကပဲတောင်းပန်ပါတယ်..."

ယွန်ရှင်း မျက်ခုံးပင်ပင့်လိုက်မိသည်....
"မင်းသားဝမ်...နင်မှားတာမဟုတ်ပဲဘာလို့တောင်းပန်တာလဲ..."

ထိုအခါ မင်းသားဝမ်ကသက်ပျင်းချပြီး...

"ကျွန်တော် အတွက်နဲ့သူလိုက်လာခဲ့တာ...
ဘာပဲဖြစ်ဖြစ် သူဝမ်တိုင်းပြည်မှာရှိနေသ၍ကတော့
ကျွန်တော်က သူအုပ်ထိန်းသူတစ်ယောက်၊ ဒါမှမဟုတ် သူရဲ့ကိစ္စမှန်သမျှကိုတာဝန်ယူရမဲ့သူဆိုလည်းမမှားဘူးလေ..."

ယွန်ရှင်းလက်မှယတ်တောင်ကိုပင် ခပ်တင်းတင်းဆုတ်ကိုင်ထားလိုက်မိသည်...

အဆောင်လက်ဖွဲသာသာ တစ်ယောက်ကို ခုလိုအရေးတစ်ယူလုပ်နေတာ နည်းနည်ပိုမနေဘူးလား...

သူ့ရှေ့မှာတော့ကိုယ်ဘက်က ကာကွယ်ပေးသလိုနဲ့
နောက်မှာကျတော့ သူအမှားအတွက်တောင်းပန်ပေးပြန်တယ်...

ဟွန်း...သက်ရှိပစ္စည်းသာသာကိုများ...

"ထားပါတော့...ဒါပေမဲ့ ကျဲအပြောခံရတာကိုတော့
ခွင့်မလွှတ်နိုင်ဘူး...သူကိုကျဲရှေ့မှာမမြင်ရစေနဲ့..."

"ကောင်းပါပြီ...နောက် အားရှင်းကျဲနဲ့တွေရင်ကျွန်တော်ပဲလာပါ့မယ်...ဟုတ်ပြီလား.."

"ကောင်းပြီလေ...မင်းသဘောပဲ"

ဟုတ်တယ်...အဲ့ကောင်လေးအနားမှာမရှိရင်ဖြစ်တယ်...ဒါမှပေးထားတဲ့တာဝန်ကိုအဆုံးထိလုပ်နိုင်မှာ...

"အားရှင်းကျဲ...ပြန်တော့မလား..."

"အွန်း...နောက်ကျနေပြီပဲ...ဒီဟာ...မင်းရှာနေတာမလား..."

အင်္ကျီလက်ခေါက်ထဲမှထုတ်ပေးလာသော ခပ်နွမ်းနွမ်းစာအုပ်တစ်အုပ်...

"အားရှင်းကျဲ...ဘယ်ကရှာတွေ့ခဲ့တာလဲ"

"မင်းက မေ့တက်တာပဲ...ကျဲက ကုန်သည်နော်...လိုချင်တာရှိရင် ရအောင်ရှာတက်တာ မင်းသိပါတယ်..."

Prince Wang's AmuletWhere stories live. Discover now