part-12💚

96 12 1
                                    

                      
              "   ချွင် ~~ချွင် ~~ ချွန်   ~~"

ဓားနှစ်ချောင်းထိခက်ရာမှထွက်ပေါ်လာတဲ့ အသံတွေက နန်းတော်ထဲရှိစစ်ရေးလေ့ကျင့်ရေးကွင်း၌အဆက်မပြတ်ထွက်ပေါ်လျက်...

     အဝါရောင်ဝတ်စုံနှင့်လူအား ကျန်လူငါးယောက်မှဆက်တိုက်တိုက်ခိုက်နေခြင်း...

ထိုသူတစ်ခြားတော့မဟုတ်...

ဝမ်နိုင်ငံရဲ့ပထမမင်းသားယူနန်...

တိုက်ခိုက်ရည်ကျွမ်းကျင်ပြီး မင်းသားတစ်ယောက်ရှိသင့်သည့်အချင်းအရာတိုင်းပြည့်စုံနေသူ..

မကောင်းတာတစ်ခုကတော့ မွေးချင်းတွေအပေါ်စကားပြောမချိုသာခြင်း...
သူထက်သာသွားမှာကြောက်တဲ့အတ္တလေးပေါ့...

"ရပ်ကြမယ်..."

အမိန့်သံအပြည့်ပါဝင်တဲ့အသံနောက်ဓားချင်းထိခိုက်သံတွေအကုန်ချက်ချင်းပင်ပျောက်ရှသွားသည်...

"မင်းသား... ဝမ်ဘုရင်ကြီးဆင့်ခေါ်တော်မူပါတယ်ခင်ဗျ"

"သိပြီ...ကျွန်တော်သွားလိုက်မယ်"

လေ့ကျင့်ရေးကွင်းမှာထွက်ကာ ဝမ်ဘုရင်ကြီးရှိရာအရှေ့ဘက်နန်ဆောင်သို့ဦးတည်လိုက်၏...

"လျှောက်တင်လိုက်..."

"အမိန့်အတိုင်းပါ..မင်းသား..."
အထိန်းတော်ချုပ်ကြီးမှဦးညွှတ်ပြီးပြောကြားလာသည်..

"မင်းကြီးဘုရား...မင်းသားယူနန်ရောက်နေကြောင်းပါ"

"ဝင်လာခဲ့..."

သြရှရှအမိန့်သံအဆုံး ကြီးမားတဲ့ရွှေရောင်တံခါးကြီးနှစ်ချက်ဖွင့်ဟသွားသည်..

"သားတော်ကို ခေါ်တော်မူပါလား...ခမည်းတော်"

"သားတော်...ခမည်းတော်မွေးနေ့ပွဲမှာ လာရောက်မဲ့
အိမ်နီးချင်းသံတမန်တွေကို ဂရုစိုက်ဖို့သားတော်ွီးဆောင်ပေးနိုင်မလား.."

"ခမည်းတော်မွေးနေ့ပွဲကို ညီတော်လင်ချင်းစီစဥ်နေတယ်မဟုတ်ပါလား...ခမည်းတော်"

"အင်း..ဟုတ်ပေမဲ့...လင်ချင်းက ဆက်ဆံရေးပိုင်းကိုသားတော်လောက်မပါးနပ်ဘူး...သူကအနုပညာဘက်ကိုပဲဝါသနာပါတဲ့သူမို့ ကိုယ်တော်စိတ်မချဘူး၊
သားတော်က ညီလေးကိုကူညီပေးနိုင်မယ်မလား"

Prince Wang's AmuletWhere stories live. Discover now