part-3💚

146 8 0
                                    


        ရှောင်းဘုရင်ကြီး၏အထိန်းတော်လမ်းပြမှုဖြင့်တိတ်တဆိတ်ပဲနန်းတော်အပြင်ပြန်ထွက်ခဲ့သည်...

နန်းတော်အပြင်ရှိအပင်အောက်တွင်စောင့်နေသူ
လီဟွာက မင်းသားဝမ်ကိုမြင်သည်နှင့်အနားကိုချက်ချင်းရောက်လာသည်...

"မင်းသား....ကျွန်တော်ကိုတောင်အသိမပေးဘဲဘယ်လိုစီစဥ်လိုက်တာလဲ"

"လွယ်ပါတယ်....အမွှာလေးနှစ်ယောက်ကိုခိုင်းလိုက်တာ..."

"ရီနဲ့မိုကို.....ဒါဆိုရှောင်းဘုရင်ကြီးနန်းပြင်ထွက်လာမယ်ဆိုတာကြိုသိနေတာလားမင်းသား"

"မနေ့ညကမှသိတာ....ညဘက်အိပ်ဆောင်ထဲကိုမြှားနဲ့အတူစာတစ်စောင်ပါလာတာ..."

"ဘယ်သူပို့တာလဲသိလား မင်သား"

"ငါ့ဒဏ်ရာအကြောင်းသိနေတဲ့လူပဲ....စာထဲမှာ ရှောင်းဘုရင်ကြီး လာမဲ့နေရာအတိအကျရယ်နဲ့ မင်းသားရှောင်းကျန့်အကြောင်းတွေပါတယ်..."

"ဒါဆို ဓားပြတွေက..."

"မင်းထင်တာမှန်တယ်...ဒါပေမဲ့သူတို့က ငါငှားမှန်းမသိကြဘူး"

"မင်းသားကတော့... မင်းသားရှောင်းကျန့်အကြောင်းကသိပ်ပြီးအကျယ်တဝင့်မသိရပါလားမင်းသား"

"ငါလည်း ရှောင်းဘုရင်ကြီးမှာမွေးစားသားရှိတယ်လို့ပဲသိထားတာ...နတ်နန်းရဲ့ရတနာဖြစ်ပြီး တန်ဖိုးရှိတဲ့လူတစ်ယောက်ဆိုတာခုမှသိတာ...စာထဲမှာ သူ့ကို
စောင့်ရှောက်ပေးဖို့တောင်းဆိုထားတယ်"

"ဟွန်...ဒါဆို စာပို့တဲ့လူက မင်းသားရှောင်းကျန့်အကြောင်းသိနေတဲ့လူပေါ့..."

"အွန်း..ဖြစ်နိုင်တယ်...ရှောင်းဘုရင်ကြီးကိုယ်တိုင်တောင်မှဝမ်တိုင်းပြည်ကိုလိုက်ဖို့အတွက် မင်းသားရှောင်းကျန့်ကိုယ်တိုင်ကို ဆုံးဖြတ်ချက်ချခိုင်းတာ..."

"အဲ့လောက်ထိတန်ဖိုးရှိနေတာပေါ့"

"ရှောင်းဘုရင်ကြီးကပြောသေးတယ် ဝမ်တိုင်းပြည်မှာတော့ မင်းသားရှောင်းကျန့်ကို လွတ်လွတ်လပ်လပ်နေခွင့်ပေးပေးပါဆိုပြီး"

"ဒီမှာမလွတ်လပ်လို့လား"

"တိုင်းပြည်ရတနာဖြစ်လို့ အသုံးချလိုတဲ့လူရော၊ လိုချင်တဲ့လူတွေများလို့ အိမ်ကျယ်ကြီးထဲမှာပဲထားတယ်လို့ပြောတယ်"

Prince Wang's AmuletWhere stories live. Discover now