part-2💚

174 7 0
                                    


"ကူညီပေးတာကျေးဇူးပါမောင်ရင်"

ထိုင်နေရာမှထပြီးကျေးဇူးတင်ကြောင်းပြောကြားလာ
သည်။

"ရပါတယ်၊ လမ်းကြုံလို့ကူညီပေးခဲ့တာပါ"

ခပ်ပြုံးပြုံးအနေအထားနှင့်လူကိုအကဲနေမှန်းသိသာသည်...

"ဒီကလူငယ်ကခရီးသွားထင်တယ်"

မင်းသားဝမ်အနည်းငယ်စဥ်းစားခန်းထုတ်လိုက်ပြီး
မျက်နှာ၌စည်းထားသောပုဝါအားအသားချွတ်ချလိုက်သည်...

"မင်းသား"

လီဟွာအားအသားခေါင်းငြိမ်ပြပြီးအဆင်ပြေကြောင်းပြလိုက်သည်..

"ရှောင်းဘုရင်ကြီး တိုင်းပြည်အခြေအနေလေ့လာနေတာလားခင်ဗျ"

မင်းသားဝမ်စကားကြောင့်အနည်းငယ်တော့အံသြဟန်ပြပြီး

"ကိုယ်တော်ကိုသိနေတယ်ဆိုတော့ သာမန်လူမဟုတ်လောက်ဘူး"

"ဝမ်တိုင်းပြည်ရဲ့တတိယမင်းသားဝမ်ရိပေါ်ပါ"

မင်းသားဝမ်ကိုယ်ဖာသာမိတ်ဆက်လိုက်သည်...

ရှောင်းဘုရင်ကြီးမျက်နှာထက်၌အံသြမှုများအပြည့်
ဝမ်းတိုင်းပြည်ကသတင်းကရှောင်းပြည်ကိုမရောက်တာမဖြစ်နိုင်...

ကူသန်းရောင်းဝယ်ရေးကိုဦးစားပေးတဲ့ရှောင်းတိုင်းပြည်အတွက် ဝမ်တိုင်းပြည်ကအရေးကြီးတဲ့အထဲပါဝင်သည်...

လိုတိုင်းရတိုင်းပြည်ဟုပင်ခေါ်ရလောက်အောင်ပြည့်စုံတဲ့ဝမ်တိုင်းပြည်မှကူးသန်းခွင့်ရထား၍ ရှောင်းတိုင်းပြည်အေးချမ်းနေသည်ဆိုလျှင်လည်းမမှားနိုင်ပေ...

"ကျွန်တော့်ရဲ့သတင်းတွေကြောင့်ခုလိုအကောင်းတိုင်းမြင်လိုက်ရလို့အံသြနေတာလား မင်းကြီး"

အပိုစကားတစ်ခွန်းမှကွေ့ပတ်မနေပဲ တည့်တည့်မေးချလာတဲ့မင်းသားဝမ်မျက်နှာက အပြုံးအရယ်မရှိပေမဲ့တည်ငြိမ်အေးချမ်းမှုအပြည့်...

"သတင်းအမှားတွေလွင့်ပြီး ရုပ်ဖျက်ပြီးထွက်ရလောက်တဲ့အထိ မင်းသားဝမ်မှာဘာအခက်တွေများရှိပါသလဲ"

တိုင်းပြည်ကိုဦးဆောင်နေသည့်ဘုရင်ဟုပြောစရာပင်မလို...

ပါးနပ်မှုကအပြည့်ပင်...

Prince Wang's AmuletWhere stories live. Discover now