part 1 (uni)

1.3K 17 4
                                    

Start-May.2.2024

" တောင်းပန်ပါတယ် ငါမရည်ရွယ်ပါဘူး "

" မရည်ရွယ်ဘူးလား "

ဘုန်းးးး

အာ့!!

" Ohh! ဆောရီး မရည်ရွယ်ဘူး "

" ငါ..ငါ မှားပါတယ် ခွင့်လွှတ်ပါနော် ငါမင်းကိုတိုင်ပြောဖို့မရည်ရွယ်ပါဘူး "

" ခွေးမသား!! "

" ဟေ့ ဟေ့ စိတ်လျှော့ "

အောက်တွင် ထိုင်ရက်လဲကျနေသူကို နောက်တစ်ခုထပ်ကန်ဖို့လုပ်တော့ ဘေးကကောင်တွေက ဝိုင်းတားလာကြသည်။

တောက်!!!

အကြောင်းက လူဆိုးလေးဟုအမည်သွင်တဲ့ ဇွဲခန့်မောင်ဟူသော လူသားလေးက ကျောင်းတွင် အားနည်းသူတို့ကို အမြဲအဖွဲ့လိုက်အနိုင်ကျင့်တတ်သည်။ အခုအနိုင်ကျင့်ခံရသူကတော့ ဇွဲခန့်မောင်ါခြားတစ်ယောက်ကို အနိုင်ကျင့်နေသည်ကို ကျောင်းအုပ်ကြီးကိုသွားတိုင်သောကြောင့် ဖြစ်သည်။

" ခွေးကောင် ထစမ်း!! "

ဂုတ်မှကိုင်ကာ ဆောင့်ဆွဲတော့ မတ်တပ်ထရပ်လာသည်။

" မင်းနာမည်ပြောစမ်း "

" ငါ... ငါ "

" ပြောလေ "

" ငါ့နာမည်က သက်..သက်မင်းကိုကိုပါ "

" မင်းမှတ်ထား နောက်ခါငါတို့ကိုပြဿနာရှာရင် ဘယ်လိုပြန်ခံရမလဲဆိုတာ "

" နောက်...မရှိစေရပါဘူး "

" ကောင်းတယ် သွားတော့ "

ဂုတ်မှကိုင်ထားရာမှ ဆောင့်တွန်းလိုက်တော့ ဒူးခေါက်ကာလဲသွားသေးသည်။ ချက်ချင်းပြန်ထပြီးဝေးရာကိုပြေးသွားတော့သည်။ ‌

" စောက်ချိုးမပြေတဲ့ကောင်!! "

~~~~~

" ကဲ အားလုံးဘဲ ဒီနေ့အတန်းထဲကို ကျောင်းသားသစ်လာမယ် နာမည်က မိုးရိပ်ရောင်တဲ့ အသက်ကတော့ မင်းတို့ထက်၂နှစ်လောက်ကြီးမယ် သူ့အိမ်အဆင်မပြေလို့ ကျောင်းနောက်ကျနေတာ စာကတော့မင်းတို့ထက်စီနီယာကျမယ် "

" မဂ်လာပါဗျ ကျွန်တော်မိုးရိပ်ရောင်ပါ "

" မဂ်လာပါ "

A bad boy's loveWhere stories live. Discover now