part 4 (uni)

580 21 10
                                    

" တောင်းပန်ပါတယ် အန်ကယ် ကျွန်တော်တကယ်မလုပ်နိုင်လို့ပါ "

" ဟုတ်ပါပြီ သားမလုပ်နိုင်တာကိုနားလည်ပါတယ် ဒီကောင့်ကိုနိုင်တဲ့သူတွေ့ပြီထင်နေတာ ဒါမဲ့ပိုက်ဆံကိုတော့လက်ခံပါသားရယ် တစ်ပြားမှမယူတော့ အန်ကယ်လည်းစိတ်မကောင်းဘူးကွဲ့ "

" ဟုတ်ကဲ့ ကျေးဇူးပါအန်ကယ် "

" ယူချင်တာများအစထဲကမူနေသေးတယ် "

" ဇွဲ ဘယ်လိုပြောလိုက်တာလဲ ဒယ်ဒီအတင်းပေးလို့ယူတာလေ သားကဘာတွေဖြစ်နေတာလဲ "

" ဒယ်ဒီနော် သူ့အကြောင်းမသိဘူး "

" တိတ်တိတ်နေစမ်းပါ စိတ်တော့မရှိပါနဲ့သားရယ် စိတ်ပြောင်းတာတို့ဘာတို့ရှိရင်လည်း အန်ကယ့်သားကိုပြန်သင်ပြပေးပါနော် "

" ဟုတ် အန်ကယ် ကျွန်တော့်ကိုခွင့်ပြုပါဦး "

" ဟုတ်ပါပြီ "

အန်ကယ်နှင့်စကားပြောနေတဲ့တစ်လျှောက်လုံး ဇွဲကိုလျစ်လျူရှုထားလိုက်သည်။ ဒါကိုဒင်းကကျေနပ်ပုံမပေါ်ပေ။ နောက်ကလိုက်လာသေးသည်။

" ဘာလိုက်လုပ်တာလဲ ပြန်ထိုးချင်လို့လား ဒါမှမဟုတ်ငါ့ကို လူကြားထဲအရှက်ခွဲချင်သေးလို့လား "

" မင်းတော်တော်တတ်နိုင်တာဘဲ ငါ့ကိုတောင်မမြင်ချင်ယောင်ဆောင်ရဲတယ် "

" ဘာမှအပိုတွေလျှောက်ပြောမနေနဲ့ မင်းနဲ့ငါက ဘာမှမဟုတ်တာကို ငါကမင်းကိုနှုတ်ဆက်နေရဦးမှာလား "

" ငါနဲ့ဘာမှမဟုတ်ဘူးဆိုတော့ ဒယ်ဒီနဲ့တော့ဟုတ်တယ်ပေါ့ "

" ဇွဲခန့်မောင်! မင်းမှာယဉ်ကျေးမှုလေးနည်းနည်းတောင်မရှိဘူးလား အဲ့တာမင်းအဖေနော် မလေးမစားမလုပ်နဲ့ "

" လုပ်တော့ဘာဖြစ်လဲ အဲ့တာငါ့အဖေလေ မင်းအဖေလား မင်းနဲ့ဆိုင်လား "

" မင်းကိုတော့တကယ် စိတ်ပျက်တယ် "

" အဟွန်း!! ဘယ်လဲ ‌ေပြာလို့မပြီးသေးဘူးလေ "

" ဘာလဲ ဘာပြောစရာရှိသေးလို့လဲ မကုန်သေးဘူးလား "

" အခုကစပြီး စိတ်ကိုကြိုပြင်ဆင်ထားလိုက် မင်းအေးဆေးမနေရစေရဘူး "

A bad boy's loveWhere stories live. Discover now