part 5 (uni)

594 18 10
                                    

" ဟျောင့် ဇွဲ ငါတို့ပြောစရာရှိတယ် "

" ပြော "

ဇွဲ၏သူငယ်ချင်းသုံးယောက်ထဲမှ တစ်ယောက်ကစပြောလေသည်။

" လျှာရှည်တာတော့မဟုတ်ပေမဲ့ မိုးရိပ်ရောင်ဆိုတဲ့တစ်ယောက်ကို မင်းဘယ်လိုမြင်လဲ "

" ဘာကိုလဲ ဒီတိုင်းပါဘဲ "

" မဟုတ်ဘူးမဟုတ်ဘူး မင်းခုတလောမူမမှန်တာရောသိရဲ့လား မင်း... သူ့ကိုကြိုက်နေတာလား "

" ... "

ချက်ချင်းငြိမ်ကျသွားသည့်ဇွဲ၏ပုခုံးကိုတစ်ချက်ပုတ်လိုက်သည်။

" ငါတို့ကြည့်နေတာကြာပီ မင်းသူ့ကိုတွေ့တိုင်းရန်ရှာပေမဲ့ မင်းနိုင်တယ်လို့ရယ်မရှိဘူး အထူးသဖြင့် မင်းကြည့်ရတာသူ့ကိုစွဲလမ်းနေသလိုဘဲ "

" ဘာတွေပြောနေတာလဲ ငါကဘာကိုစွဲလမ်းရမှာလဲ "

" အဲ့တာကတော့မင်းဘဲသိမှာပေါ့ ငါတို့သွားပီ "

ပြောချင်တာပြောပြီး ထထွက်သွားကြသည့်ကောင်တွေကို စိတ်ထဲမှသာဆဲရေးဆိုလိုက်မိသည်။ သူတို့ဘာလို့ရုတ်တရက် မိုးရိပ်ရောင်နဲ့ပတ်သက်ပြီး စပ်စုလာကြတာလဲ။ ငါကရောဘာတွေတွေဝေနေတာလဲ။ ကျစ်!! စိတ်ရှုပ်လိုက်တာ ဂိမ်း‌ဆော့တာဘဲကောင်းတယ်။

ခေါင်းကိုခါယမ်းကာ အတွေးတွေကိုရပ်ပစ်လိုက်ပြီး ဖုန်းကောက်ကိုင်ကာ ဂိမ်းသာထိုင်ဆော့နေလိုက်သည်။ ညရောက်တော့ ရေချိုးတာကြာသွားလို့လားမသိ ခေါင်းတွေထိုးကိုက်လာရသည်။ အများရီးတော့မတောင့်တပေမဲ့ အခုချိန်မှာ မိးရိပ်ရောင်အနားမှာရှိရင်ကောင်းမှာဘဲလို့တွေးမိတာတော့အမှန်ပင်။ ဆေးလည်းမသောက်ချင်တာကြောင့် အစာလည်းမစားဘဲ အိပ်ပစ်လိုက်သည်။ မအိပ်ခင်မိုးရိပ်အားစာပို့ထားလိုက်သေးသည်။

' ဒီနေ့ကျောင်းမှာဖြစ်ခဲ့တဲ့ကိစ္စတောင်းပန်တယ် ' ဆိုပြီး စာတစ်ကြောင်းသာပို့ထားလိုက်သည်။ ဇွဲတစ်ခါဖျားလျှင် အနည်းဆုံး၄ရက် အများဆုံးတစ်ပတ်လောက်ကြာလေ့ရှိသည်။ အဓိကကတော့ ဆေးသောက်ဖို့အရေး ပေကပ်နေလို့ဖြစ်ပါလိမ့်မည်။

နောက်တစ်နေ့ ခါတိုင်းလိုနှောင့်ယှက်တတ်သည့်ဇွဲတစ်ယောက် ကျောင်းမလာပေ။ တခြားလူများကတော့ အနိုင်ကျင့်သည့်လူမလာလို့ပျော်နေကြလောက်ပေမဲ့ မိုးရိပ်စိတ်ထဲတော့ တစ်မျိုးဖြစ်နေသည်။ သူ့လိုလူကမိုးရိပ်ကိုတောင်းပန်သည်တဲ့လား။ ကျောင်းကလည်းပျက်သေးတယ် ဘာများဖြစ်နေပါလိမ့်။ စိတ်ပူစိတ်လေးအနည်းငယ်ရှိတာကြောင့် ညနေအားတဲ့ချိန်လေး ဇွဲအိမ်သို့လာဖြစ်အောင်လာခဲ့လိုက်သည်။

A bad boy's loveWhere stories live. Discover now