" မင်းသိပြီးပြီလား "
" ဘာကိုလဲ "
" မိုးရိပ်ရောင် ကျောင်းထွက်သွားတာလေ ဒီပြောင်းလာတာတောင်မကြာသေးဘူးကို "
" အော် "
" သိပြီးပြီပေါ့ "
" မသိပါဘူး "
" မင်းပုံစံက အံ့ဩတဲ့ပုံလည်းမပေါ်တော့ သိများသိပြီးတာလားလို့ "
" ငါနဲ့ဘာဆိုင်လို့ငါက အံ့ဩရမှာလဲ "
ဇွဲ၏စကားကြောင့် ဘေးကသူငယ်ချင်းတွေက အချင်းချင်းမျက်စပစ်ပြနေကြသည်။
" ဒါဖြင့် မင်းအခုထိစာကြိုးစားနေတုန်းနော် "
" အင်း "
( အကိုပေးခဲ့ဖူးတဲ့ ပညာတစ်ခုဘဲလေ ငါတန်ဖိုးထားရမှာပေါ့ အကို့အတွက်နောက်ဆုံးအနေနဲ့ စာကြိုးစားပေးချင်ရုံပါ )
မိုးရိပ်ကျောင်းပြောင်းပြီးတည်းက နှစ်ယောက်လုံးမတွေ့ဖြစ်ကြတော့ပေ။ သို့သော် ဇွဲကတော့ စာကြိုးစားကာ စာမေးပွဲတိုင်းအဆင့်၃ထဲဝင်နိုင်အောင် ကြိုးစားသည်။ ကြိုးစားမှုက အချည်းနှီးမဖြစ်ပေ။ မိုးရိပ်မရှိတော့ အဆင့်(၁)နေရာတောင်ရောက်လို့ ဆရာတွေကရော ဒယ်ဒီကပါချီးကျူးကြပေမဲ့ အဆင့်(၁)ရခဲ့ဖူးတဲ့ အကို့ကိုဘဲသတိရနေမိသည်ဖြစ်သည်။ စာမေးပွဲဖြေပြီးတိုင်း ဖြေနိုင်လားလို့မေးမေးတတ်တဲ့မိုးရိပ်ကို အမြဲသတိရသည်။ တိုက်ဆိုင်မှုတွေရှိတိုင်းလွမခးမိတဲ့စိတ်ကိုတော့ ဘာနဲ့မှမချိုးနှိမ်ထားနိုင်ပါ။
" သား မင်းအသက်လည်း၁၈ပြည့်ပြီးပြီ ဒယ်ဒီမင်းကိုမိတ်ဆက်ပေးချင်တဲ့သူရှိတယ် "
" ကျွန်တော်ဘယ်သူနဲ့မှမတွေ့ချင်ဘူးဒယ်ဒီ "
( အကိုကလွဲလို့ပေါ့ )
" ဒါမဲ့... တွေ့လိုက်ပါသားရယ်နော် ဒယ်ဒီအိမ်ကိုတောင်ဖိတ်ထားပြီးပြီ အားနာစရာ "
" ပြီးရောဗျာ တွေ့ပေးမယ် "
ဒယ်ဒီ့စကားကိုဘဲနားထောင်ဖြစ်လိုက်သည်။
ရေချိုးအဝတ်အစားလှဲပြီးမကြာခင် ဧည့်သည်တွေရောက်လာကြသည်။" ထိုင်ကြဦး သားကိုသွားခေါ်လိုက်ဦးမယ် "
ဒယ်ဒီကဧည့်သည်တွေကိုကြိုဆိုပြီးနောက် အပေါ်ထပ်တက်ကာ ဇွဲကိုခေါ်တာကြောင့် ဒယ်ဒီနှင့်အတူအောက်ကိုလိုက်ဆင်းလိုက်သည်။

YOU ARE READING
A bad boy's love
Romance" ငါမင်းထက်ကြီးတယ်နော် ဇွဲခန့်မောင် " " အဲ့တော့ ထိုင်ကန်တော့ပေးရမှာလား "