" အဆင်ပြေရဲ့လား "
" အင်း ပြေပါတယ် မင်းက... "
" အာ ငါက သက်မင်းကိုကိုပါ ငါမင်းကိုပြောစရာလေးရှိလို့ "
" ပြောလေ "
" ဆရာလုပ်တာတော့မဟုတ်ပေမဲ့ မင်းသူနဲ့သွားမရှုပ်ပါနဲ့လား မင်းကကျောင်းသားသစ်ဆိုတော့ သူ့အကြောင်းသိပ်မသိသေးတာလည်းဖြစ်နိုင်တယ်။ ဒါမဲ့ငါပြောရဲတယ် မင်းထိုးလိုက်တာအတွက် သူမင်းကိုလက်တုန့်ပြန်လိမ့်မယ် "
" ငါမကြောက်ပါဘူး "
" အေးပါ ငါကမင်းကိုသတိပေးရုံပါ မင်းမကြောက်ရင်လည်းပြီးရော "
" အင်း အော်ဒါနဲ့ ငါက မိုးရိပ်ရောင်ပါ "
" အာ ရိပ်လို့ဘဲခေါ်မယ်နော် ငါ့ကိုသက်မင်းလို့ခေါ်ရင်ရတယ် "
" အင်း ဟုတ်ပါပြီ "
တစ်ခနအတွင်း မိုးရိပ်နှင့်သက်မင်းတို့ သူငယ်ချင်းဖြစ်သွားကြသည်။ ဇွဲတစ်ယောက်တော့ လူကြားထဲအထိုးခံလိုက်ရသည့်ကိစ္စကိုသာ မကျေမနပ်ဖြစ်နေတုန်းပင်။
တောက်!!!
" ဟျောင့်! မင်းသူ့အကြောင်းရှာပေး အရင်ကတက်ခဲ့တဲ့ကျောင်းရော "
" အိုကေ "
နောက်ကြောင်းစုံစမ်းတာတော်တဲ့ သူငယ်ချင်းတစ်ယောက်ကိုခိုင်းလိုက်တော့ ချက်ချင်းလက်ခံသည်။ သူငယ်ချင်းတွေကတောင် ကြောက်ရတဲ့ဇွဲခန့်မောင်လိုကောင်ကို မကြောက်တာ မိုးရိပ်ရောင်ဆိုသည့်လူသားလေးတစ်ယောက်သာရှိသည်။
" ဒယ်ဒီ "
" ပြော "
" မိုးရိပ်ရောင်က ဘာလို့မလာသေးတာလဲ "
" မအားသေးလို့နေမှာပေါ့ မင်းကဘာလို့စောင့်နေတာလဲ "
" ဒီတိုင်းဘဲ သူ့အိမ်လိပ်စာကျွန်တော့်ကိုပေး "
" ဟ မင်းပြဿနာရှာမလို့လား "
" မဟုတ်ပါဘူးဒယ်ဒီရာ ပေးပါ "
အတင်းကာရောတောင်းမှ အိမ်လိပ်စာကို
မက်ဆေ့မှပို့ပေးလေသည်။ လိပ်စာရသည်နှင့်ချက်ချင်းထကာ ထိုလိပ်စာအတိုင်းသွားလိုက်သည်။ လိပ်စာတွင်ပြထားသည့်နေရာအားရောက်တော့ အများနေတိုက်ခန်းတစ်ခုတွင်ဖြစ်သည်။ တော်သေးသည်က ဒယ်ဒီက အခန်းနံပါတ်ကော ပေးလိုက်သည်။
![](https://img.wattpad.com/cover/368065009-288-k429981.jpg)
YOU ARE READING
A bad boy's love
Romance" ငါမင်းထက်ကြီးတယ်နော် ဇွဲခန့်မောင် " " အဲ့တော့ ထိုင်ကန်တော့ပေးရမှာလား "