part 7 (uni)

487 16 2
                                    

" ကျစ်!! လေးလိုက်တာ "

ကိုယ်ပေ့်တက်ဖိထားသည့်ကောင်ကိုတွန်းဖယ်လိုက်တာကြောင့် ကုတင်ပေါ်ကပြုတ်ကြသွားလေသည်။

" အားလားးး ခွေးကောင်!! ကန်ချရလား "

" မင်းကဖိထားတာကိုး ထကြတော့ဝက်တွေကျနေတာဘဲ "

တခြားကောင်စိတ်မရှည်စွာကန်နှိုးကာမှ နိုးလာကြသည်။ လေးယောက်လုံးအောက်ထပ်ဆင်းလာကြ‌တော့ ဒယ်ဒီက ဦးကြိုရင်း

" ဆိုကြပါဦး လူလေးတွေကလက်တောက်လောက်နဲ့ မူးရူးနေကြတာများ "

" ကျွန်တော်တို့ဘယ်လိုအိမ်ရောက်လာတာလဲ ဒယ်ဒီ "

" ကားဆရာပြောတာတော့ ကောင်လေးတစ်ယောက်ကဒီကဒ်ကိုပေးပြီးပို့ခိုင်းတာတဲ့ "

လိပ်စာကဒ်လေးအား ဇွဲလက်ထဲထည့်‌ေပးလိုက်တော့ ကဒ်ကိုသေချာကြည့်ရင်း

" အကို... "

" ဘယ်သူ့ကိုခေါ်နေတာလဲ "

" ဘားမဟုတ်ပါဘူး နောက်ကျတော့မယ် ကျောင်းသွားရအောင် "

ချက်ချင်းကြီးကျောင်းကိုသွားချင်နေတဲ့ဇွဲကြောင့် လွယ်အိတ်အိမ်ပြန်ယူပြီး ကျောင်းသို့အမြန်သွားရသည်။ အတန်းထဲရောက်တော့ စာကိုသာအာရုံစိုက်လုပ်နေသည့်မိုးရိပ်နားသွားကာ လိပ်စာကဒ်လေးအား စားပွဲပေါ်တင်လိုက်သည်။

" ဒါ ကျွန်တော်အကို့ကိုပေးထားတဲ့သာမလား "

" မင်းမှားနေပြီ တခြားသူဟာဖြစ်မှာပေါ့ "

" လိမ်နေတာ အကို့ကိုပေးထားတဲ့ဟာပါ ဒါဖြင့်အကို့ကိုပေးထားတဲ့ကဒ်ထုတ်ပြလေ "

" အသုံးမလိုလို့လွှင့်ပစ်လိုက်ပြီ "

ဇွဲ၏အကြည့်တွေကိုရှောင်လွှဲရင်းဖြေမိတော့ ဇွဲကဒေါသထွက်သွားဟန်ဖြင့် စာရေးခုံကိုလက်ဖြင့်ထုလိုက်ကာ

ဒုန်း!!

" မလိမ်စမ်းပါနဲ့ အကိုကျွန်တော့်ကိုဂရုစိုက်တာသိတယ် ဘာလို့ဟန်ဆောင်နေတာလဲ "

" ငါမင်းကိုပြောပြီးသားလာမပတ်သက်နဲ့လို့ ကိုယ့်နေရာကိုသွားပြီးစာလုပ် "

A bad boy's loveWhere stories live. Discover now