တစ်နှစ်ခန့်ကြာသော်....
" ဒီနေ့စာမေးပွဲနောက်ဆုံးနေ့ ပြီးရင်လွတ်လပ်ပြီကွ ဟားဟား "
" ပျော်မနေနဲ့ စာလုပ် ငါစောင့်ကြည့်နေတယ် "
" အကိုကလည်း အားမရှိတော့ဘူး "
ပြွတ်!!
" အခုရှိပြီလား "
" ဟုတ်ကဲ့ဗျ ကျွန်တော်အားပြည့်သွားပါပြီ နောက်တစ်ခါလောက် "
" အားပြည့်ပြီဆို တော်... "
ပြွတ်!!!
" ငါမင်းရဲ့ဆရာနော် လေးလေးစားစားဆက်ဆံစမ်းပါ "
" လေးစားပေးလို့ ဘာရမှာလဲ "
" မင်းကဘာရချင်သေးလို့လဲ "
" အချစ် "
" ဘာ!! "
" မဟုတ်ဘူးလေ ချစ်တယ်လို့ပြောတာရချင်တာ "
" ပြောတာဘဲ "
" အခုလေ "
" ချစ်တယ် ချစ်တယ် ဟုတ်ပြီလား စာလုပ်တော့ "
" ဟုတ် "
တကယ်ပါ အကျိုးအမြတ်မှမရရင် စာမလုပ်ဘူးဆိုသည့်သဘော။ အမြဲအသားယူချင်နေတာဘဲ။
အချိန်ပြည့်သည်နှင့် စာမေးပွဲခန်းထဲဝင်ရသည်။ မိုးရိပ်ကတော့စာကြည့်တိုက်မှာသာ စာအုပ်တွေလျှောက်ဖတ်ရင်း စောင့်နေလိုက်သည်။
စာမေးပွဲချိန်ပြီးသည်နှင့် ဖြေဆိုသူတွေပြေးထွက်ကြသည်။ တော်တော်လေးအုတ်အုတ်ကျက်ကျက်ဖြစ်သွားရသည်။ နောက်ဆုံးနှစ်ကလူတွေဆို ကျောင်းပြီးပြီမို့ အော်ကြသည်။ " နောက်ဆုံးတော့ပြီးပြီကွ " ဟူသောအသံတွေအများအပြားဖြစ်သည်။
ထိုထဲမှ မျက်နှာငယ်လေးနှင့်ထွက်လာသည့်ဇွဲကြောင့် လန့်သွားရသည်။ ဘာလဲ မဖြေနိုင်တာလား။" အကို... "
" ဘာဖြစ်တာလဲ မဖြေနိုင်ဘူးလား "
" ဟင့်... ဖြေနိုင်တယ်လို့ ရေးးးးး "
ရုတ်ချည်း ပြုံးသွားကာ မိုးရိပ်အားဖက်ထားလေသည်။
" အရူးကောင် လန့်သွားတာဘဲ ဂုဏ်ယူပါတယ် "
" ဖြေနေတုန်းကဆို အကို့အကြောင်းတွေးမိနေလို့ခေါင်းထဲကမတရားထုတ်လိုက်ရတယ် "
YOU ARE READING
A bad boy's love
Romance" ငါမင်းထက်ကြီးတယ်နော် ဇွဲခန့်မောင် " " အဲ့တော့ ထိုင်ကန်တော့ပေးရမှာလား "