part 6 (uni)

1.2K 29 5
                                    

" ဘာလို့ငါ့ကိုကြည့်နေတာလဲ စာကိုကြည့်လေ "

စာသင်ပေးနေရင်း ဇွဲတစ်ယောက်စာအုပ်ကိုမကြည့်ပါဘဲ မေးထောက်ကာ မိုးရိပ်၏မျက်နှာကိုသာတစ်စိမ့်စိမ့်ကြည့်နေတာကြောင့် မျက်စောင်းထိုးရင်းပြောလိုက်တော့ ပြုံးလေသည်။

" အကိုကဒီလောက်ချစ်ဖို့ကောင်းနေမှတော့ ကျွန်တော်ကဘယ်လိုလုပ် စာထဲစိတ်ရောက်မှာလဲဗျ "

" အပိုတွေပြောမနေနဲ့ စာမလုပ်ချင်ရင် ငါပြန်မယ် "

" မဟုတ်ဘူးလေ စာလုပ်မယ်ဟုတ်ပြီလား မပြန်ပါနဲ့ဦး "

" ဒါဖြင့်စာကိုအာရုံစိုက် နောက်အပတ်ဆိုစာမေးပွဲဖြေရတော့မယ် "

" စာမေးပွဲကအကို့လောက်အရေးမကြီးပါဘူးဗျာ "

" တော်စမ်းပါ မင်းစာမေးပွဲမှာ အဆင့်၃ထဲဝင်ရင် မင်းကိုအဖြေပြန်ပေးမယ် "

" ဗျာ အကိုတကယ်ပြောတာလား "

" တကယ် မင်းသာရရင် မင်းလိုချင်တဲ့အဖြေပေးမယ် "

" ဟားးး ကြိုက်ပြီဗျာ အဖြေပေးဖို့သာပြင်ထားလိုက်တော့ "

ထိုနေ့မှစ၍ ဇွဲတစ်ယောက်သူငယ်ချင်းတွေနဲ့လည်းသိပ်မလည်တော့ဘဲ စာဘဲလုပ်နေတော့သည်။ အန်ကယ်ကပင် မိုးရိပ်ကိုအံ့အားသင့်ကာ မေးရလောက်တဲ့ထိ ဇွဲကစာတွေကြိုးစားလာသည်။

" ဘာနဲ့များချုပ်လိုက်တာလဲ သားရယ် အန်ကယ့်သားခမျာ နေ့နေ့ညညစာတွေဘဲလုပ်နေတာ "

" ဟုတ် အဲ့လောက်လည်းမဟုတ်ပါဘူး သူ့မှာကြိုးစားချင်စိတ်လေးရှိနေလို့နေမှာပါ "

" ဘာဘဲဖြစ်ဖြစ် သားကိုကျေးဇူးတင်ပါတယ် အန်ကယ်တော့လူရွေးမှန်ခဲ့ပြီ သားရဲ့စေ့စပ်ပွဲကိစ္စလည်းအဆင်ပြေတော့မယ်ထင်တယ် "

" ဗျာ စေ့စပ်ပွဲလား "

" ဟုတ်တယ်လေ အန်ကယ့်သူငယ်ချင်းသမီးနဲ့အန်ကယ့်သားကိုစေ့စပ်ပေးဖို့ လွန်ခဲ့တဲ့၁၀နှစ်လောက်ထဲက လူကြီးချင်းကတိပေးထားကြတာလေ သားကအရမ်းဆိုးတော့ တစ်ဖက်မိန်းကလေးသဘောမကျမှာစိုးရိမ်နေတာ အခုတော့အဆင်ပြေလောက်မယ်ထင်တယ် သားကျေးဇူးကြောင့်ပေါ့ "

A bad boy's loveWhere stories live. Discover now