"Se Hun !!"
"ဟင် ?!"နားထဲကို အတင်းတိုးဝင်လာတဲ့ အသံစူးစူးကြောင့် Sehun လန့်ကာနိုးလာသည်။
"ငါအိပ်ပျော်သွားတာလား ?"
"မဟုတ်ဖူး..! သေသွားတာ"Sehun ရဲ့အူကြောင်ကြောင်မေးခွန်းကို Tao ကရွဲ့သလိုလိုပြန်ဖြေသည်.. Tao အဖြေအရတော့ သူအိပ်ပျော်သွားတယ်ထင်တာပဲ.. ပတ်ဝန်းကျင်ကို တချက်အကဲခတ်မိတော့ သူတို့ခုထိ Canteen မှာပဲ ရှိနေသေးတာပဲ။
အဲ့ဒါဆို နေပါဦး.. Luhan Hyung ရော ? ပြန်များသွား ပြီလား..? Oh Sehun နဲ့တော့ .. Hyung ကို ခေါ်ထားပြီး အိပ်ပျော်သွားရတယ်လို့ကွာ
ကိုယ့်အတွေးနဲ့ကိုယ် လန့်လန့်ဖြန့်ဖြန့်နဲ့ ဘေးကိုချက်ချင်းလှည့်ကြည့်လိုက်တော့ သူ့ကိုပြုံးပြနေတဲ့ Luhan Hyung.. ခုမှပဲ ရင်ထဲကအလုံးကြီးကျသွားသလို ခံစားလိုက်ရသည်။
ဒါပေမဲ့ ကြားလိုက်ရတဲ့ စကားကြောင့် ထိုဘာမှန်းမသိတဲ့ ခံစားချက်တွေရောထွေးနေတဲ့ အလုံးကြီးက တဖန် သူ့ရင်ဘတ်ဆီသို့ ပြန်တက်လာပြန်သည်။
"Nae !? အတန်းချိန်လစ်ပြီး လျှောက်သွားမလို့ ! ဟုတ်လား ?"
"အင်းလေ Hun ရဲ့.."
"အာ.. မသွားချင်ပါဖူး.."Sehun ပြတ်ပြတ်သားသားပဲ ငြင်းလိုက်မိသည်။ ဟုတ်တယ်လေ.. ဆရာတွေသိသွားရင်လည်း မကောင်းသလို ကိုယ်တွေလည်း အဆူခံရရင် နှစ်ဦးနှစ်ဖက်စလုံးမကောင်းဖူး။
"မင်းမလိုက်လည်းနေ.. ငါရယ် Tao ရယ် Luhan hyung ရယ်သွားမယ်.."
Kai က သူ့ကို Luhan hyung ပါသည်ဆိုသည့်အချက်နှင့် အကြပ်ကိုင် ချင်သလိုလို ပြောသည်။
"သွား"
Sehun မျက်နှာကို ခပ်တည်တည်ထားရင်း နောက်တခါထပ်ငြင်းလိုက်မိသည်.. Tao ကတော့ လိုက်သွားလောက်ပေမဲ့ Luhan hyung ကတော့ မလိုက်သွားလောက်ပါဖူး ဆိုတဲ့စိတ်ကြောင့်လည်း အနည်းငယ်ယုံကြည်မှုတော့ရှိသည်။
"သွားမယ်"
"Okay !"
"တကယ်မလိုက်ဖူးလား Hun ?"
"သွားလေ တကယ်မလိုက်ဖူး"Sehun သူတို့ဘက်တောင် မလှည့်ကြည့်တော့ပဲ သူတို့ကိုကျောပေးလိုက်သည်.. အဲ့လောက်တောင် ကျောင်းပြေးချင်နေတာ ပြေးပေါ့.. Oh Sehun တို့ကတော့ ဘူးဆို ဖရုံမသီးဖူး.. မလိုက်ဖူးဆို မလိုက်ဖူးပဲ !
"အဲ့ဒါဆိုလည်း သွားကြတာပေါ့ !"
Sehun အံ့သြလွန်းလို့ နောက်တောင် လှည့်ကြည့်မိသည်။ Luhan hyung ကသွားကြတာပေါ့ ဆိုပါလား ? သူလုံးဝကို မထင်ထားမိခဲ့ဖူး.. နေဦး.. ဒါဆိုရင်တော့ မဖြစ်သေးဖူး..! ဘက်ကမမျှတော့ဖူး.. သူတယောက်တည်းလည်း မနေခဲ့ချင်သလို Luhan hyung ကိုလည်း ဟိုနှစ်ယောက်နဲ့ မထည့်ပေးလိုက်ချင်ဖူး..! ဒီတော့ ရွေးချယ်စရာက တခုပဲရှိတော့တယ်..
"Yahh ! နေဦး !"
"ဘာလဲ ?"ကျောင်းထဲကနေ ထွက်ဖို့ပြင်နေတဲ့ သူတို့သုံးယောက်နောက် Sehun ပြေးလိုက်ရင်းလှမ်းအော်လိုက်တော့ Tao ကဘောက်ဆတ်ဆတ်နဲ့ ပြန်အော်သည်.. Sehun မျက်နှာကို စပ်ဖြဲဖြဲ လုပ်လိုက်ပြီး..
"နေဦးလေကွာ မင်းတို့ကလည်း ငါလည်းလိုက်မှာပေါ့"
~^~^~^~^~
"ရုပ်ရှင်ရုံသွားမယ် !"
"ကစားကွင်း သွားမှာ !!"
"Yahh ! Zi Tao ကစားကွင်းသွားရအောင် မင်းက ကလေးလား ?!"ဘေးနားဆူညံပွက်လောရိုက်နေတဲ့ Tao နဲ့ Jong In ကို Sehun ကြည့်ရင်း စိတ်ပျက်လက်ပျက် သက်ပြင်းချမိသည်.. Luhan hyung ကိုလည်း အားနာပေမဲ့ ကားသမားကိုတော့ ပိုအားနားမိသည်.. ကားသမားခမျာမှာ မျက်နှာငယ်လေးနဲ့ Tao နဲ့ Jong In တို့ကိုလှည့်လှည့်ကြည့်နေတာ.. ဘယ်သွားမလဲဆိုတာလည်း အသေအချာမပြောဘဲ ခုချိန်ထိဘယ်သွားရမလဲ ဆိုတာအတွက် Tao နဲ့ Jong In ကတော့ ထိုကားသမားကို ဂရုတောင်မစိုက်..
"တောင်းပန်ပါတယ် အကို.."
Sehun အနောက်ကနေ ကားသမားရဲ့ ပုခုံးကို ပုတ်လိုက်ရင်း အားနာသလို ပြောတော့ ကားသမားက သူ့ကိုခေါင်းပြန်ငြိမ့်ပြသည်.. အင်း.. တော်သေးတာပေါ့ ကားသမားက စိတ်ရှည်တဲ့ ကားသမားမို့..! မဟုတ်ရင် ဟိုနှစ်ကောင် ရန်ဖြစ်နေပုံမျိုးနဲ့ ကားပေါ်ကတော့ ဆောင့်ကန်ချခံနေရလောက်ပြီ။
"ရုပ်ရှင်ရုံပဲ မောင်းတော့ အကို !"
"အာ.. Nae Nae !"Jong In အသံကြားမှ ကားသမားက ပြုံးကာ ရုပ်ရှင်ရုံဘက်ကို ဦးတည်သွားသည်။
"မင်းတို့ နှစ်ယောက် ကိုက်လို့ ပီးပီလား ?"
"Yahh !"Sehun ကရွဲ့တဲ့တဲ့ မေးတော့ နှစ်ယောက်လုံးဆီက အော်သံပဲ ပြန်ထွက်လာသည်.. Luhan hyung ကိုလှမ်းကြည့်မိတော့ ကားပြတင်းပေါက်ဘောင်ကို မှီရင်းအပြင်ကိုလျှောက်ကြည့်နေသည်..
Aigoo ! ချစ်ဖို့ကောင်းလိုက်တာ.. Sehun လည်းဘာရယ်မဟုတ် ကားပြတင်းပေါက်ဘောင်ကို မှီရင်း Luhan hyung လိုပဲ အပြင်ကိုလျှောက်ကြည့်နေလိုက်သည်။ စောစောကထိ ဆူညံနေတဲ့ကားလေးက ခုတော့တိတ်ဆိတ်လို့...
~^~^~^~^~
A/N : Hello :3 ပြန်လာပါပီ ဒါတောင်တိုသွားတယ်.. ပြောထားတဲ့ Surprise ကိုတော့ Next Ep မှာသေချာပေါက်ထည့်ပေးပါ့မယ် !
Gamsamida ~
90 degree bow ~
YOU ARE READING
Raindrops
Fanfictionမိုးစက်မိုးပေါက်တွေကြားမှာ အမှတ်မထင်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက် ၊ မိုးစက်တွေက သူတို့ကိုပေါင်းစည်းစေမလား...? ကွဲကွာစေမလား..? Warning - This is a Yaoi story. P.S. ဆရာအကြည်တော်ရဲ့ ရွှေမိုးသည်းကို နည်းနည်းပြန် ယူပြီးရေးထားတာပါ.. အကုန်လုံးတော့ တူမှာမဟု...