Sehun တယောက်ဒီနေ့လည်း အရင်နေ့တွေလိုပဲ ကျောင်းသွားဖို့ပြင်ဆင်နေရင်း ယခင်နေ့များအတိုင်း နာရီကိုဘယ်မှာထားမိမှန်းမသိ၍ ပြန်လည်ရှာဖွေနေမိသည်။
"နာရီ နာရီ နာရီ.. ha! တွေ့ပြီ။"
ခုံအောက်မှာ ပြုတ်ကျနေတဲ့ နာရီကိုကောက်ရင်း ပြန်မတ်လိုက်တော့ မထင်မှတ်ပဲ Calendar ကိုသွားကြည့်မိသည်။
သေချာကြည့်တော့မှ ဒီနေ့က သူတို့ Uni တက်တာ တစ်လပြည့်တဲ့နေ့ပဲ။ ဒါဆို ဒီနေ့က..."Luhan hyung နဲ့တွေ့တာ တစ်လပြည့်ပြီပေါ့။"
သူရေရွတ်လိုက်သည်။ သေချာပါတယ်..
သူ့မျက်နှာကြီးကတော့ မျောက်အုန်းသီး ရသွားသလို ပြုံးဖြီးနေမှာပါ..။အင်း.. ဘာလိုလိုနဲ့ Luhan Hyung နဲ့ခင်လာတာတောင် တစ်လပြည့်ပြီပဲ။ အခုတလော သူလည်း စာမေးပွဲ ကိစ္စတွေနဲ့ ပတ်သက်ပြီး အလုပ်တွေရှူပ်နေတာနဲ့ Luhan Hyung နဲ့တောင် မတွေ့ဖြစ်ဖူး.. ဟိုနှစ်ကောင်နဲ့တောင် တစ်အိမ်တည်းနေလို့ မျက်နှာလေးမြင်ရုံမြင်နေရတာ။ ဘာပဲဖြစ်ဖြစ်ပါ.. ဒီနေ့တော့ တစ်လပြည့်အထိမ်းအမှတ် လက်ဆောင်လေးဘာလေး ဝယ်ပြီး Luhan Hyung ဆီသွားဦးမှပါ။
အချိန်တွေကလည်း ကုန်တာမြန်လိုက်တာ.. ရုပ်ရှင်ရုံကအဖြစ်အပျက်လေးက မနေ့တနေ့မှ ဖြစ်ပျက်သွားသလို ပြန်တွေးလိုက်တိုင်း သူ့ကိုရင်ခုန်စေသည်။ အချိန်တွေကုန်လွန်လာတာနှင့်အမျှ Luhan Hyung ကိုမြင်ရင် ထိန်းမနိုင်သိမ်းမနိုင် ဖြစ်နေတဲ့ သူ့ရင်ခုန်သံတွေလည်း တဖြည်းဖြည်း ငြိမ်သက်လာပါပြီ။ ဟင့်အင်း..၊ Luhan hyung အပေါ်သူ့အချစ်တွေ လျော့လာတာမဟုတ်ပါဖူး။ ပျော်စေပျက်စေ ရင်ခုန်တာမျိုးမဟုတ်ပဲ တကယ်အချစ်စစ်နှင့် ချစ်လာလို့ပါ။ Luhan hyung ကိုမတွေ့တာကြာလို့လည်း ပါမှာပေါ့လေ..။ ဟီး.."တီတီ"
အပြင်က ကားဟွန်းသံကြောင့် Sehun တွေးလက်စ အတွေးတွေကို ဖြတ်ပြီး လိုအပ်သမျှ အကုန် ကျောပိုးအိတ်ထဲကောက်ထည့်ကာ အပြင်ကိုပြေးထွက်သွားလိုက်သည်။
"မင်းကလဲကွာ ကြာလိုက်တာ.."
အပြင်ကနေစောင့်ကြိုကာ Tao ကဟောက်သည်။ Kai ကရယ်သည်။
"လာနေပါပြီဟ.."
သူပြောရင်း ကားပေါ်တက်လိုက်တော့ သူရယ်၊Tao ရယ်၊ Kai ရယ် ပါဝင်တဲ့ အဲ.. ကားမောင်းတဲ့လူကြီးလည်း ပါတာပေါ့။ ထားပါတော့.. အဲ့ကားလေးက တရွေ့ရွေ့နဲ့ သူတို့ရဲ့ တက္ကသိုလ်ကျောင်းတော်ကြီးဆီသို့ ထွက်ခွာလာခဲ့ပြီ။
~^~^~^~^~
သူ့အတန်းချိန်တွေပြီးတာနဲ့ Sehun ခုနကမှ လတ်လတ်ဆတ်ဆတ် ဝယ်ထားတဲ့ လှပစွာ ထုတ်ပိုးထားသော လက်ဆောင်ထုတ်လေးကို ကိုင်ကာ Luhan hyung ရှိရာစာသင်ခန်းလေးသို့ ဦးတည်ကာ သွားလိုက်သည်။ အခန်းဆီရောက်တော့ Hyung ရဲ့အခန်းရှေ့က ကောင်လေးတယောက်ကနေတဆင့် Hyung ကိုခေါ်ခိုင်းလိုက်သည်။ အခန်းရှေ့မှာ ယောင်လည်ယောင်လည်နဲ့ ဆယ်မိနစ်လောက် စောင့်နေပြီးတော့မှ ကိုယ်တော်ချောလေးက ထွက်လာသည်။
BẠN ĐANG ĐỌC
Raindrops
Fanfictionမိုးစက်မိုးပေါက်တွေကြားမှာ အမှတ်မထင်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက် ၊ မိုးစက်တွေက သူတို့ကိုပေါင်းစည်းစေမလား...? ကွဲကွာစေမလား..? Warning - This is a Yaoi story. P.S. ဆရာအကြည်တော်ရဲ့ ရွှေမိုးသည်းကို နည်းနည်းပြန် ယူပြီးရေးထားတာပါ.. အကုန်လုံးတော့ တူမှာမဟု...