Sehun တယောက် သူ့ရှေ့က အိမ်မကြီးမသေးလေးကို အတန်ကြာအောင်စိုက်ကြည့်နေပြီးမှ ဝင်သွားဖို့ ဆုံးဖြတ်လိုက်သည်။ စေ့စေ့လေးသာ ပိတ်ထားတဲ့ တံခါးကလေးကို တွန်းဖွင့်ပြီး ခြံထဲဝင်လိုက်တာနဲ့ ခြံထဲက အုတ်ခုံလေးပေါ်မှာ ထိုင်ကာ တရှူံ့ရှူံ့ငိုနေတဲ့ JiaYing ကသူ့ကို ခေါင်းထောင်ကာ ကြည့်သည်။
"Ge အိမ်ထဲမှာရှိတယ်။ ဝင်သွားလိုက်ပါ။"
JiaYing ကသူ့ကိုတိုတိုတုတ်တုတ် ပြောပြီး မျက်နှာလွှဲသွားသည်။ အင်းလေ.. မိသားစုဝင်မဟုတ်တဲ့ သူတောင် ရင်ထဲနင့်နေအောင် ခံစားရတာ.. JiaYing လိုမိသားစုဝင်ဆို သူ့ထက်ပိုဆိုးမှာပေါ့။ သူဘာမှပြန်ပြောတော့ဘဲ အိမ်ထဲကို တိတ်တိတ်လေးသာ ဝင်ခဲ့လိုက်သည်။ အိမ်ထဲကိုရောက်တော့ ဧည့်ခန်းထဲမှာ ငူငူကြီးထိုင်နေတဲ့ လူကြီးတယောက်ကို သူတွေ့လိုက်သည်။ Luhan hyung ရဲ့ အဖေဖြစ်မည်ဟု သူကောက်ချက်ချမိသည်။ ထိုလူကြီးကသူ့ကိုတွေ့တော့..
"သားက Sehun ထင်တယ်။ Luhan ကအခန်းထဲမှာ.. ဝင်သွားလိုက်သားရယ်.. ဦးတော့ မလိုက်တော့ဖူး။"
"ဟုတ် ဦး.."သူပြန်ဖြေပြီး ထိုဦးလေးကြီး ညွှန်ပြတဲ့ အခန်းလေးထဲကို ဦးတည်လိုက်သည်။
အခန်းထဲကို ဝင်ဝင်ချင်း ကုတင်ပေါ်မှာ လှဲရင်း ဂိမ်းစက်လေးနဲ့ ဂိမ်းကစားနေတဲ့ Luhan Hyung ကိုသူပထမဆုံး မြင်လိုက်ရသည်နှင့် တပြိုင်နက် ဝမ်းနည်းမှု၊ဆို့နင့်မှုတို့က သူ့ကိုညှာတာခြင်းမရှိနှိပ်စက်ရင်း မျက်ရည်တွေ ဝဲလာစေပြန်သည်။ Hyung ကစောင်ပါးပါးလေး တထည်ကို ခြုံထားသည်။ သူ ကုတင်လေးဘေးက ခုံလေးမှာ ဝင်ထိုင်သည်အထိ Hyung ကသူဝင်လာမှန်းသိသေးပုံ မပေါ်..။
"Hyung.."
သူ့ရဲ့ တိုးညှင်းတဲ့ ခေါ်သံလေးကြောင့် Hyung ကသူ့ကို ဖျတ်ကနဲ လှမ်းကြည့်သည်။ ပြီးတော့ Hyung ရဲ့အကြည့်များက ဂိမ်းစက်လေးဆီ ပြန်ရောက်သွားသည်။ သူ့ကို ပြန်တောင် လှည့်မကြည့်တော့။
Hyung နှူတ်ခမ်းတွေက ခြောက်သွေ့အက်ကွဲ နေသလို အသားတွေကလည်း ဖြူဖျော့နေသည်။
"Hyung.."
သူထပ်ခေါ်လိုက်ပြန်သည်။ သို့သော် Hyung ကသူ့ကိုမကြည့်ပါ။ ထိုဂိမ်းစက်ကိုသာ ကြည့်နေသည်။ သူကသာ Hyung ကို ငေးကြည့်နေမိသည်။ ကြည့်နေရင်းမှ Hyung မျက်ဝန်းထဲ မျက်ရည်တွေ ဝဲတက်လာသည်။ Hyung ကစားနေတဲ့ ဂိမ်းစက်လေးမှလည်း တတီတီ အသံများ မြန်လာသည်။ နောက် Hyung က သူ့အောက်နှူတ်ခမ်းကို ဖိကာကိုက်လိုက်သည်။ ဂိမ်းစက်ကိုလည်း ထင်ရာတွေ လျှောက်နှိပ်နေပုံရသည်။ နောက် Hyung မျက်ဝန်းကနေက မျက်ရည်တွေ လိမ့်ဆင်းလာသည်။
ESTÁS LEYENDO
Raindrops
Fanficမိုးစက်မိုးပေါက်တွေကြားမှာ အမှတ်မထင်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက် ၊ မိုးစက်တွေက သူတို့ကိုပေါင်းစည်းစေမလား...? ကွဲကွာစေမလား..? Warning - This is a Yaoi story. P.S. ဆရာအကြည်တော်ရဲ့ ရွှေမိုးသည်းကို နည်းနည်းပြန် ယူပြီးရေးထားတာပါ.. အကုန်လုံးတော့ တူမှာမဟု...