•ကျွန်တော် Hyung ကိုချစ်တယ်။•
တွေးထားတဲ့စကားလုံးတွေကို ပြောဖို့ ပါးစပ်ကိုဟလိုက်ပေမဲ့ ထိုစကားလုံးတွေအားလုံး အပြင်ကိုမရောက်ခင်မှာပဲ လည်ချောင်းအဝမှာတွင် ပျောက်ကွယ်သွားသည်။
"ကျွန်တော်.."
ထိုစကားလုံး နှစ်လုံးမှအပ ကျန်တဲ့စကားလုံးတွေက အပြင်ကိုထွက်မလာဘဲ Sehun သူဆွံ့အသွားခဲ့သည်။ ကြောက်နေတယ်လို့ပဲ ပြောရမလား ? သူ့ခံစားချက်တွေက မရေရာ မသေချာ ရောထွေးနေသည်။ သူအောက်ကိုငုံ့ကာ မျက်နှာလွှဲလိုက်သည်။ သို့သော် အောက်ကိုငုံ့ထားတဲ့ သူ့မျက်လုံးတွေကတော့ ဆောက်တည်ရာမရ မတည်မငြိမ် ဦးတည်ရာမရှိဘဲ လျှောက်ကြည့်နေမိသည်။ ရုတ်တရက် သူ့မျက်နှာပေါ်မှ ချွေးစေးတွေပြန်လာသည်.. သူ့အခြေအနေကို ပိုဆိုးစေတာက Luhan hyung ဆီက ဘာအသံမှ မကြားရတာပါပဲ..။
"Gwenchana.."
နားထဲကို တိုးဝင်လာတဲ့ Hyung ရဲ့အသံချိုချိုလေးနှင့်အတူ သူ့ပါးပြင်ပေါ်ကို ကျရောက်လာတဲ့ လက်ဖဝါးနုနုသေးသေးလေး.. မထင်မှတ်ထားစွာပဲ ထိုအရာနှစ်ခုက သူ့ကိုနွေးထွေးစေသလို ဂနာမငြိမ်ဖြစ်နေတဲ့ သူစိတ်ကို တည်ငြိမ်စေသည်။ မဝံ့မရဲဘဲ သူ Hyung ကိုမော့ကြည့်တော့ Hyung ကသူ့ကိုပြုံး၍ကြည့်နေသည်လေ..
"သွားကြစို့။"
အချိန်အတော်ကြာအောင် သူတို့နှစ်ယောက် တယောက်ကို တယောက် စိုက်ကြည့်နေပြီးမှ Hyung ကမျက်နှာလွှဲကာ ရှက်သွားသလိုလိုနှင့် ခုံပေါ်ကနေထသွားတာကြောင့် သူလည်း အူကြောင်ကြောင်နှင့် လိုက်ထမိသည်။
"သွားမယ်လေ.."
Hyung ကခေါင်းလေးစောင်းကာ ထပ်ပြောတော့မှ..
"အာ.. ဟုတ်သားပဲ။ သွား..သွားရမှာပေါ့။"
"Haha.."Hyung ကခေါင်းခါရင်း ရယ်ကာ ရှေ့ကထွက်သွားသည်။ နေပါဦး.. ခုမှသူသတိထားမိတယ်.. ဟိုနှစ်ကောင် Jong In နဲ့ Tao ရော ? ဒီကောင်တွေ သူ့ကိုထားခဲ့ပြန်ပြီပေါ့လေ။ အိမ်ရောက်မှတွေ့ဦးမယ်..
"လဒတွေ.."
သူရဲ့အဆုံးမရှိ အစမရှိ ရေရွတ်သံကြောင့် သူ့ရှေ့ကကောင်လေးနှစ်ယောက် က သူ့ကိုဘုကြည့်ကြည့်သည်။ အင်းလေ.. ကြည့်မှာပေါ့။ သူကထိုကောင်လေးနှစ်ယောက်ကို ကြည့်ရင်း အဲ့လိုရေရွတ်လိုက်တာမဟုတ်ပါလား..။ Oh Sehun တို့ကတော့ လုပ်ချလိုက်ပြန်ပီပေါ့.. သူ့ကိုကြည့်နေတဲ့ ထိုကောင်လေးနှစ်ယောက်ကို သွားလေးဖြဲပြရင်း ထိုရုံကြီးအတွင်းမှ အပြင်ကိုပြေးထွက်လာခဲ့လိုက်သည်။
အပြင်ရောက်တော့ Hyung ရှိမနေတော့.. ပြန်သွားပြီနေမှာပေါ့လေ။ ဒါနဲ့ဘဲ သူလည်း Taxi ငှားရင်း သူ၊Jong In နှင့် Tao တို့နေထိုင်ရာ ရိပ်မြုံလေးဆီသို ပြန်ခဲ့လိုက်တော့သည်။ သေချာတာတခုကတော့ သူဒီနေ့ည အိပ်ပျော်တော့မည်မထင်ပါလေ..
~^~^~^~^~
A/N : Yo Yo ~ here's an update ! Sorry for very short update..! :( Hee..
Gamsamida ~
90 degree bow !!
YOU ARE READING
Raindrops
Fanfictionမိုးစက်မိုးပေါက်တွေကြားမှာ အမှတ်မထင်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက် ၊ မိုးစက်တွေက သူတို့ကိုပေါင်းစည်းစေမလား...? ကွဲကွာစေမလား..? Warning - This is a Yaoi story. P.S. ဆရာအကြည်တော်ရဲ့ ရွှေမိုးသည်းကို နည်းနည်းပြန် ယူပြီးရေးထားတာပါ.. အကုန်လုံးတော့ တူမှာမဟု...