Sehun သူ့ရှေ့တည့်တည့်က ဝိုင်းကိုသေသေချာချာ စိုက်ကြည့်နေမိသည်။ အဲ့ဝိုင်းမှာ Luhan hyung နဲ့ ပုတုတုကွတတ မှန်ကြောင် ကောင်မလေးတယောက်နဲ့ အတူထိုင်နေကြတာလေ.. စကားတွေပြောပြီး ရယ်နေလိုက်ကြတာဆိုတာ.. တခါတခါဆို သူတို့ဝိုင်းကရယ်သံတွေက ဟိန်းနေတာပဲ။ Canteen တခုလုံး သူတို့အသံတွေ ချည်းပဲ.. Aish!!တကယ်ပါပဲ။ ကြည့်လို့ကိုမရဖူး..
"ငါအဲ့ဝိုင်းကိုသွားမယ်ကွာ။"
"ဘယ်ဝိုင်းတုန်း ?"သူ့ရဲ့အစမရှိအဆုံးမရှိ စကားကြောင့် Tao ကအော်သည်။
"ဟိုဝိုင်းလေ..!"
"ရှင်းရှင်းပြောစမ်း။"
"Luhan hyung တို့ဝိုင်းကွာ !! မင်းကတမျိုး.."
"အေးပါကွာ.. မင်းကလည်း။ ငါကမသိလို့ကို.."
"ဟုတ်တယ် Sehun မင်းအဲ့လိုတော့ မပြောသင့်ဖူး။"Kai ကပါဝင်ပြီးပြောလာသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူလည်းလွန်သွားတာမို့ Tao ကိုပြန်တောင်းပန်လိုက်ပါသည်။
"Tao ah,sorry ကွာ။ ငါလွန်သွားတယ်"
"It's ok ! မင်းသွားမယ်ဆိုသွားလေ.."
"မသွားတော့ပါဖူးကွာ.."
"သွားပါ။"
"ငါ..ငါမသွားရဲဖူး.."
"အော် သွားပါဆိုနေ !"Tao ကပြောရင်းဆိုရင်း သူ့ကိုဆွဲကာ Luhan Hyung တို့ဘက်ကိုအတင်းတွန်းပို့နေသည်။ သူလည်းသွားချင်ပေမဲ့ မဖြစ်ဖူးနော်.. သိတယ်။ မဖြစ်ဖူး..
Tao တို့က ပြန်မလာနဲ့ ဆိုပြီး အတင်းသွားခိုင်းနေလို့သာ သွားနေရတယ်။ အဲ့ဝိုင်းနဲ့ တဖြည်းဖြည်းနီးလာလေ ချွေးတွေထွက်လာလေ.. ရင်တွေခုန်လာလေ.. ခါတိုင်း ဆယ်လှမ်းလောက် လှမ်းလိုက်တာနဲ့ ရောက်တဲ့ဝိုင်းဆီကို သူလျှောက်နေတာ ၁၅မိနစ်လောက်တောင်ရှိပြီ။ ရောက်ခံနီးသွားလိုက် ကြောက်စိတ်နဲ့ပြန်လှည့်သွားလိုက် ဒါမှမဟုတ် အဲ့ဝိုင်းကို ကျော်သွားလိုက်နဲ့။ Oh Sehun အရူးကြီးကိုဖြစ်နေတာပဲရယ်.. ဒီတခေါက်တော့ ရအောင်ကိုသွားရမယ်.. Hwaiting Oh Sehun !
ဘာလိုလိုညာလိုလိုနဲ့ Hyung တို့ဝိုင်းကိုရောက်တော့ ခပ်တည်တည်ပဲ ရှေ့တည့်တည့်မှာရပ်ပြီး..
"Luhan hyung , သူကဘယ်သူလဲ ?"
ရုတ်တရက်ကြီး ရောက်ချလာပြီး လူမိုက်ဂိုက်နဲ့ သူ့ပုံစံ၊သူ့အသံကြောင့် ထိုဝိုင်းက သူတွေအကုန်မော့ကာ ကြည့်သည်။

KAMU SEDANG MEMBACA
Raindrops
Fiksi Penggemarမိုးစက်မိုးပေါက်တွေကြားမှာ အမှတ်မထင်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက် ၊ မိုးစက်တွေက သူတို့ကိုပေါင်းစည်းစေမလား...? ကွဲကွာစေမလား..? Warning - This is a Yaoi story. P.S. ဆရာအကြည်တော်ရဲ့ ရွှေမိုးသည်းကို နည်းနည်းပြန် ယူပြီးရေးထားတာပါ.. အကုန်လုံးတော့ တူမှာမဟု...