"Jong In ah မင်းလေ မြင်မြင်ချင်း အချစ်ဆိုတာကို ယုံလား.."
"ဟဲ့ သောက်ပလုတ်တုတ်.."ရုတ်တရက်ကြီး အချစ်အကြောင်းတွေပါတွေ မေးလာတဲ့ Sehun ကြောင့် Jong In တယောက် လက်ထဲက ကိုင်ထားတဲ့ ရေနွေးခွက်တောင် ပြုတ်ကျတော့မလိုဖြစ်သွားသည်။ ဒီကောင် ထူးထူးဆန်းဆန်းပါလား..။ စာကလွဲပီးစိတ်မဝင်စားတဲ့သူက အချစ်အကြောင်းတွေဘာတွေ မေးလို့ပါလား။
"Yahh ! Oh Sehun မင်းစိတ်တော့ ကောင်းပါသေးတယ်နော်..!"
"အင်း.."ဖြေတဲ့ပုံစံကလည်း အရင်တုန်းကနဲ့ တစိုးတစိလေးတောင်မတူ။ ရုပ်ကလည်း ပြုံးပြုံးနဲ့ ၊ သစ်ပင်ကြီးကိုလည်း စိုက်ကြည့်လို့။ ဟုတ်တော့မဟုတ်သေးဖူး..။
"Sehun သူငယ်ချင်း စိတ်ထိန်းပါကွာ.."
"Jong In ah သိလား.. သူကလေ အသားလေးကဖွေးစွတ်နေတာပဲ.. ရုပ်ကလဲ ကလေးလေးလိုပဲ.. နောက်မျက်လုံးလေးတွေကလဲ သမင်မျက်လုံးလေးတွေနဲ့..။"သူ့အတွေးနဲ့သူ ပြောနေတဲ့ Sehun ရဲ့အဖြေကတော့ Jong In ရဲ့မေးခွန်းနှင့် လွဲချော်လျက်..။
"မင်းပြောပုံအရဆို အဲ့ကောင်မလေးက တော်တော်ချောမှာပဲကွ.. မင်းကိုတောင်ကြွေအောင်လုပ်နိုင်မှတော့ အဲ့လောက်တော့ချောရမှာပေါ့လေ။"
Jong In ရဲ့စကားကို Sehun ရယ်ချင်မိပါသည်။ ကောင်မလေးတဲ့.. သူပြောနေတာ ကောင်မလေးမှမဟုတ်ပဲကို..။
"အေးကွ တော်တော်ချောတယ်.. သူနဲ့တွေ့တာတခါပဲ ရှိသေးတယ်ကွ။ Uni စတင်တက်ချင်းနေ့က တွေ့တာ..။"
သူအဖြစ်မှန်ကိုမပြောသေးပဲ စကားဆက်လိုက်သည်။
"အဲ့ဒါဆိုမနေ့တုန်းကမှ တွေ့တာပေါ့ !"
"အင်း..."
"ဟာ။ မင်းဟာကလည်း ခုမှတွေ့တဲ့ မိန်းကလေးကို ချက်ချင်းကြီး..။"
"ငါ..ငါလေသူ့ကိုချစ်မိ နေပီထင်ပါတယ်ကွာ"
"Sehun ah မင်းကလေ ခုမှအချစ်အကြောင်းကို သိတာဆိုတော့ တော်ကြာမင်းကို ဟိုကောင်မလေးက လှည့်စားသွားတာတို့ဘာတို့ဆို မင်းအသည်းကွဲနေရပါဦးမယ်ကွာ.. မိန်းမဆိုတာ မာယာကများပါဘိနဲ့။"Jong In စကားကြောင့် သူ အသံထွက်ကာ ရယ်မောလိုက်သည်။ Jong In ကတော့ သူ့ကိုကြောင်တောင်တောင်သာ ကြည့်နေသည်။ ရယ်ပြီးတော့ သူ Jong In လက်မောင်းနှစ်ဖက်ကိုကိုင်လိုက်ကာ အဖြစ်မှန်ကို Jong In ကို အသိပေးလိုက်သည်။
YOU ARE READING
Raindrops
Fanfictionမိုးစက်မိုးပေါက်တွေကြားမှာ အမှတ်မထင်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက် ၊ မိုးစက်တွေက သူတို့ကိုပေါင်းစည်းစေမလား...? ကွဲကွာစေမလား..? Warning - This is a Yaoi story. P.S. ဆရာအကြည်တော်ရဲ့ ရွှေမိုးသည်းကို နည်းနည်းပြန် ယူပြီးရေးထားတာပါ.. အကုန်လုံးတော့ တူမှာမဟု...