"မိုးကလည်း တိတ်ကိုမတိတ်နိုင်ဖူး.."
Sehun တယောက် ရှေ့မှာရှိတဲ့ မိုးစက်မိုးပေါက်တွေကို ကြည့်ကာရေရွတ်မိသည်။ သူကံကြမ္မာများတအားကောင်းနေလေသလား.. ဒီနေ့ပထမဦးဆုံး Uni စတက်ရမဲ့နေ့မှပဲ တိုက်ဆိုင်စွာ မိုးတွေအဆက်မပြတ်ကို ရွာနေသည်။ အနည်းငယ်လေးတောင် မိုးစဲသွားခြင်းမရှိပဲ အရှိန်မှန်မှန် ရွာနေသည်။ ထိုကြောင့် ကံဆိုးသူမောင်ရှင် Oh sehun တယောက် ထီးတဖက် ၊ စက်ဘီးတစ်ဖက် နှင့် အလုပ်တွေရှူပ်နေသည်။ အရေးထဲ လွယ်အိတ်ရေစိုမှာကလဲ စိုးရသေးသည်။ သူ့ကိုယ်သူတောင် ပြန်သနားမိသလိုလိုတောင် ဖစ်လာပီ...
"အာ အာ အားး !!"
သူစီးနင်းနေတဲ့ စက်ဘီးလေးက ချော်နေတဲ့ ကတ္တရာလမ်းကြောင့်ပဲလားမသိ ၊ တဖြည်းဖြည်းနှင့် ဘေးဘက်ကိုယိုင်ထိုးလာသည်။
"Andwe !!"
Sehun အော်လိုက်ရင်း ကိုယ်ကိုထိန်းလိုက်သော်လည်း မမှီတော့ပါ။ သူနှင့်အတူ သူ့စက်ဘီးကလဲ မြေပြင်ပေါ်မှာလဲလျောင်း သွားရပီ..။ ခြေထောက်မှာ ဒဏ်ရာအချို့ရသွားတာကြောင့် သူချက်ချင်းပြန်မထနိုင်ပဲ ထိုင်နေမိသည်။
သူမျက်လုံးတွေကိုမှိတ်လိုက်ရင်း မျက်နှာပေါ်ကိုကျရောက်လာတဲ့ မိုးပေါက်မိုးစက်လေးတွေကို သူခံစားနေမိသည်။
တစ်ပေါက်.. နှစ်ပေါက်.. သုံးပေါက်.. နောက်မိုးပေါက်ကလေးများစွာ...
~^~^~^~
လွတ်လပ်မှုရဲ့အရသာကို ကောင်းကောင်းကြီးကိုခံစားနေရတာကြောင့် Luhan တယောက် ထီးလေးကိုစောင်းကာ မြောက်ကြွမြောက်ကြွနှင့် လမ်းလျှောက်နေမိသည်။ သေချာတာပေါ့.. မျက်နှာကလည်း ပြုံးဖြီးလို့..! နောက်ကိုလှည့်ကြည့်မိတော့ ဘယ်သူမှလိုက်မလာ ၊ ကောင်းလိုက်တာလေ.. အရင်နေ့တွေတုန်းကလို အမြဲတမ်း ကားပေါ်ကနေပဲ ပတ်ဝန်းကျင်ကို ပြတင်းပေါက်ကနေကြည့်နေရတာ မျိုးမဟုတ်တော့.. တကယ်ကိုကောင်းတဲ့ ခံစားချက်ပါပဲ..သူလမ်းလျှောက်လာရင်းနဲ့မှ ခပ်လှမ်းလှမ်းတွင် ထိုင်နေတာလား..၊ လဲကျထားတာလား မကွဲပြားသော လူတယောက်နှင့် ထိုလူရဲ့ဘေးတွင် လဲနေသော စက်ဘီးတစ်စီး ၊ ထီးတစ်ချောင်းနှင့် လွယ်ပိုးအိတ်တအိတ်.. ဘေးနားမှာ ပစ္စည်းတွေပျံ့ကျဲနေပုံထောက်ရင်တော့ ထိုလူလဲကျထားတာ ဖစ်မည်။ သူ့ရဲ့ကူညီတတ်သော စိတ်အရ သူ့စိတ်ထဲမှာတော့ ကူညီချင်စိတ်တွေ တဖွားဖွား ၊ သို့သော် သူ့စိတ်နှင့် ကွဲပြားစွာ သူ့ပါးစပ်ကတော့ ပြောင်းပြန်အရာတခုကို ရေရွတ်နေမိသည်။
ВЫ ЧИТАЕТЕ
Raindrops
Фанфикမိုးစက်မိုးပေါက်တွေကြားမှာ အမှတ်မထင်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက် ၊ မိုးစက်တွေက သူတို့ကိုပေါင်းစည်းစေမလား...? ကွဲကွာစေမလား..? Warning - This is a Yaoi story. P.S. ဆရာအကြည်တော်ရဲ့ ရွှေမိုးသည်းကို နည်းနည်းပြန် ယူပြီးရေးထားတာပါ.. အကုန်လုံးတော့ တူမှာမဟု...