"Woo hoo ~ !"
"Jong In စုတ် Jong In နာ"
"အွန် ဘလိုင်းကြီးပါလား ?"
"ဘာဖြစ်လဲ ?!"
"တော်ကြပါတော့ကွာ.. မင်းတို့ကလည်း ! Hyung ကိုလည်းနည်းနည်းပါးပါး အားနာပါဦး.."ခုချိန်ထိကို မပြီးနိုင်မစီးနိုင် ရန်ဖြစ်နေတဲ့ Jong In နဲ့ Tao ကို Sehun ကလှမ်းပြောလိုက်ရင်း ခေါင်းခါမိသည်။ Jong In နဲ့ Tao ကသူပြောလိုက်မှ ကုတ်ကုတ်ကုတ်ကုတ်နှင့် ငြိမ်သွားသည်။ ဒါတောင် အသံတိတ် ရန်ဖြစ်နေကြတုန်း..။ Luhan Hyung ကတော့ နောက်ကနေ ပြုံးပြုံးလေးသာ ရပ်နေသည်။ သဘောထားကြီးတဲ့ Hyungလေး..၊ Aigoo ! အဲ့ဖောင်းတက်နေတဲ့ ပါးလေးတွေကို ဆွဲဖြစ်ပလိုက်ချင်တယ်။
"Sehun,သရဲကား ကြည့်မှာမလား ?"
"ဟမ် ? မသိဖူးလေ.."Jong In ရဲ့အော်ခေါ်သံကြားမှ Sehun သတိပြန်ကပ်မိသည်။ အင်း.. Luhan hyung ကိုစိုက်ကြည့်နေမိတာကိုလည်း ပြင်ဦးမှပါ။
"Hyung ရော ?"
"Hyung ကဘာမဆို အဆင်ပြေပါတယ်။"သွားဖြီးပြရင်း ခေါင်းကုတ်ကာ အဆင်ပြေပါတယ် လို့ပြောနေသည့် Luhan hyung ကိုကြည့်ကာ Sehun အသည်းယားလာသည်။ အဲ့ Hyung ကလေ မွေးကတည်းကများ ချစ်ဖို့ကောင်းနေလားမသိ။ လုပ်လိုက်တဲ့ အရာတိုင်း ချစ်ဖို့ကောင်းလွန်းနေသည်။ ထို့နောက် luhan hyung ကိုစိုက်မကြည့်နေတော့ဘဲ အရှေ့က ရုပ်ရှင် poster တွေကပ်ထားတဲ့ နေရာကို ကြည့်နေလိုက်သည်။ ပါးစပ်ကတော့ ပြုံးနေမိဆဲ..
"Sehun ah,ဘာတွေပြုံးနေတာ ?"
ကိုယ့်ဟာကိုယ်အတွေးလွန်နေတာနဲ့ပဲ ကိုယ့်ဘေးနား Luhan hyung ရောက်လာတာတောင် မသိလိုက်။ ခု Hyung ကသူ့ပုခုံးလာဖက်မှပဲ Sehun သိတော့သည်။ အဲ.. နေပါဦး Hyung က ၊ Luhan hyung ကသူ့ကို ဖက်ထားတယ် ? ရင်ထဲက တလှပ်လှပ်..။ သို့သော် Sehun စိတ်ထိန်းကာ ဖြေလိုက်သည်။
"ရုပ်ရှင်ရွေးနေတာလေ.."
အာ.. သေပါတော့ Oh Sehun ရယ် ! ဘာတွေ လျှောက်ဖြေနေတာလဲကွာ.? ရုံတင်တာ ရယ်စရာကား တစ်ကားမှ မပါ..
"အယ်.. ဘယ်ရုပ်ရှင်က ရယ်စရာကောင်းတာ ?"
Sehun ကြောင်ကာ ရပ်ကြည့်နေမိသည်။ ဖြေစရာ အဖြေကမရှိ..၊ အမှန်တိုင်း ပြောလို့လဲ မဖြစ်။ ကယ်ပါဘုရား။ ဒီ Oh Sehun ကိုကယ်ပါဦးလို့..။

ESTÁS LEYENDO
Raindrops
Fanficမိုးစက်မိုးပေါက်တွေကြားမှာ အမှတ်မထင်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက် ၊ မိုးစက်တွေက သူတို့ကိုပေါင်းစည်းစေမလား...? ကွဲကွာစေမလား..? Warning - This is a Yaoi story. P.S. ဆရာအကြည်တော်ရဲ့ ရွှေမိုးသည်းကို နည်းနည်းပြန် ယူပြီးရေးထားတာပါ.. အကုန်လုံးတော့ တူမှာမဟု...