Chapter 3

639 44 0
                                    

ဝေ့လော်၏ခန့်မှန်းချက် မမှားယွင်းပါက ဟူးကော်ဘုရားကျောင်းတွင် အမွှေးတိုင်ထွန်းပြီးသည်နှင့် အိမ်အပြန်လမ်းတွင် မဒမ်တုက အစီအစဥ်ကိုအကောင်အထည်ဖော်မည်ဖြစ်သည်။ မဒမ်တုဆက်သွယ်ထားသည့် ကျွန်ကုန်သည်များက တစ်နေရာရာတွင် ပုန်းနေပေလိမ့်မည်။ ထိုလူတို့မှာ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ဖြစ်ကြပြီး အလွန်လည်း ရုပ်ဆိုးကြသည်။ မဒမ်တုက သူတို့အား ဝေ့လော်ကို တတ်နိုင်သမျှ ခပ်ဝေးဝေးသို့ရောင်းချပေးရန်သာ တောင်းဆိုခဲ့သည်။ မဒမ်တုအတွက်မူ ဝေ့လော်ဘဝတစ်လျှောက်လုံး မြို့ထဲသို့ပြန်မလာနိုင်လျှင် အကောင်းဆုံးပင်။

မဒမ်တုနောက်သို့လိုက်သွားရင်း အားလော်ကလည်း အစီအစဥ်ကို တစ်ဆင့်ချင်းတွေးတောနေ၏။

'သူ(မ)က ငါ့ကိုရောင်းချင်တာမဟုတ်လား။ ကောင်းပြီလေ။ ဒါဆိုရင် သူ(မ)ဘယ်လောက်တော်လည်း ကြည့်ကြတာပေါ့။'

အချိန်ကျလာသည့်အခါ အထိန်းတော်ယဲ့က အလွန်ကြောက်လန့်သွားလိမ့်မည်မဟုတ်ဟု ဝေ့လော်မျှော်လင့်ထား၏။ အထိန်းတော်ကြီး၏အမြင်တွင် သူ(မ)ကို အပြစ်ကင်းသောကလေးတစ်ယောက်အဖြစ်သာ သူ(မ)အမြဲထင်မှတ်နေစေချင်သည်။ အထိန်းတော်ယဲ့ကို ဝေ့လော် အမှန်တကယ်သဘောကျ၏။ သူ(မ)မှတ်မိသလောက်ဆိုရလျှင် အထိန်းတော်ယဲ့က သူ(မ)ကို သေသေချာချာပြုစုစောင့်ရှောက်ခဲ့သည်။ သူ(မ)၏ သွေးသားရင်းများထက်ပင် ပို၍ကောင်းပေးခဲ့သည်ဟုဆိုနိုင်သည်။ ထို့ပြင် ယခင်ဘဝတုန်းက ဆွေမျိုးများ၏ အသိမှတ်ပြုခြင်းကိုခံရရန် ယင်းအိမ်တော်တို့ပြန်ခဲ့စဥ်တွင် ပျက်စီးသွားခဲ့သည့်ဝေ့လော်မျက်နှာကို မှတ်မိခဲ့သူမှာ အထိန်းတော်ယဲ့တစ်ယောက်တည်းသာရှိခဲ့သည်။ ဝေ့လော်ကို မှတ်မိသဖြင့် သူ(မ)ဆီသို့ခေါ်ယူကာ ပြုစုစောင့်ရှောက်ပေးခဲ့သော်လည်း ဝေ့လော်၏ခန္ဓာကိုယ်က အားနည်းနေခဲ့သောကြောင့် ကြာကြာမတောင့်ခံနိုင်ခဲ့ပေ။ ထိုသို့ကြောင့် တဖြည်းဖြည်းနှင့် ဝေ့လော်၏ထွက်သက်ထိတိုင် အမုန်းတရားများဖြင့်သာ ပြည့်နှက်ခဲ့ရသည်။

မဒမ်တု၏အကြံအစည်များကို အထိန်းတော်ယဲ့သိထားခဲ့ပါက ဝေ့လော်ကို အစွမ်းကုန်ကာကွယ်ခဲ့မည်ပင်။ သို့သော် သူ(မ)ကိုယ်တိုင်လည်း မသိခဲ့ရသောကြောင့် ဝေ့လော်ခမျာ သေသွားသည့်တိုင် သနားစရာကောင်း‌နေခဲ့လေသည်။ ထိုအချိန်တုန်းက မဒမ်တု ညအိပ်လျှင် သူ(မ)ကိုအိပ်မက်မက်ရဲ့လားဟု ဝေ့လော်တွေးမိသည်။ ဝေ့လော်၏မျက်နှာကိုဖျက်ဆီးခဲ့ပြီးနောက် ဝေ့ကျန်းကိုမြင်နေရသည်ကို သူ(မ)ကျေနပ်ရဲ့လားဟု ဝေ့လော် စဥ်းစားမိသည်။

ချစ်ဇနီးလေးအား အလိုလိုက်ခြင်းWhere stories live. Discover now