အပြာရောင်ဆေးသုတ်ထားသည့်အခန်းထဲတွင် ဝေ့လော်နှင့် ဝေ့ချောင်ဟုန်တို့နှစ်ယောက် အိပ်ရာပေါ်တွင်ထိုင်နေ၏။ ထို့နောက် အစေခံက စားစရာများလာချပေးပြီး ဘေးဘက်တွင်ရပ်စောင့်ပေးနေသည်။ ဝေ့လော်က ခေါင်ရမ်းကိတ်ကိုကောက်ကိုင်လိုက်၏။ တစ်ဝက်လောက်စားလိုက်ပြီးနောက်မှ ချောင်ဟုန်ကိုကြည့်လိုက်မိသည်။ ချောင်ဟုန်မှာ တူကိုပင်မကိုင်ရသေးဘဲ ဝေ့လော်ကိုသာ စေ့စေ့စပ်စပ်ကြည့်နေသည်။ ထို့နောက် ဝေ့လော်လည်း အစားစားရန်အလျင်မလိုနေတော့ဘဲ တူကိုချကာ
"ချောင်ဟုန်။ ဘာလို့မစားတာလဲ။ ငါ့ကိုကြည့်ရုံနဲ့တင် ဗိုက်ပြည့်နေပြီလား။"
အစောပိုင်းမှ ဝေ့လော်ပြောခဲ့သည့်စကားများကြောင့် ချောင်ဟုန် အလွန်အံ့အားသင့်ခဲ့ပြီး ဗိုက်လည်းမဆာတော့ချေ။ ရွယ်တူကလေးများထက်ပို၍ များစွာရင့်ကျက်သည့်ချောင်ဟုန်က အမှန်တကယ်ဖြစ်ပျက်သွားသည့်ကိစ္စများကို နားလည်လေသည်။ ဝေ့လော်ကို 'ကျွန်အဖြစ်ရောင်းစားလိုခြင်း'ဖြစ်ကြောင်း သူသိသည်။ ချောင်ဟုန်မှာ မဒမ်တုနှင့်မရင်းနှီးသော်လည်း လူကြီးတစ်ယောက်ဖြစ်သောကြောင့် အမြဲလိုလိုရိုသေစွာဆက်ဆံခဲ့သည်။ မဒမ်တုက ဝေ့လော်ကို ထိုသို့အန္တရာယ်ပြုလိမ့်မည်ဟု သူ မတွေးကြည့်ခဲ့ဖူးပေ။
နှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်ရင်း ချောင်ဟုန်က တည်ငြိမ်စွာဖြင့်
"အားလော်။ အခုကစပြီး ငါနင့်ကိုကာကွယ်မယ်။"
မုန့်လှမ်းယူနေသည့် ဝေ့လော်၏လက်များ ရပ်တန့်သွားပြီး ချောင်ဟုန်ကိုလှမ်းငေးကြည့်လိုက်မိသည်။ ယခင်ဘဝတုန်းက ထိုကဲ့သို့သောစကားမျိုးကို သူ(မ)မကြားခဲ့ရဖူးပေ။ တူညီသောဖြစ်ရပ်တို့ဖြစ်ပျက်ခဲ့သော်လည်း ချောင်ဟုန်က အသက်(၆)နှစ်သာရှိသေးသောကြောင့် ဘာကိုမျှသေချာမသိခဲ့ချေ။ ချောင်ဟုန်ထံမှ ကာကွယ်ပေးလိုသည့်စကားမျိုးကိုကြားရရန် ဝေ့လော်မှာ ချောင်ဟုန်ထက် (၁၀)နှစ်ပိုနေခဲ့ရလေသည်။
အစောပိုင်းက ဝေ့ကွမ်း၏ရင်ခွင်ထဲတွင်နေကာ ငိုကြွေးနေခဲ့သည့်မျက်နှာထားမျိုး အားလော်မျက်နှာတွင် မရှိတော့ချေ။ သူ(မ)က ကြက်သားဘူးသီးဟင်းကို တူနှင့်လှမ်းယူလိုက်ပြီး ချောင်ဟုန်၏မြင်ကွင်းရှေ့တွင်ကိုင်ထားရင်း အပြုံးတစ်ခုဖြင့်
YOU ARE READING
ချစ်ဇနီးလေးအား အလိုလိုက်ခြင်း
Romanceပြန်လည်မမွေးဖွားခင်တုန်းက ဝေ့လော်သည် ရိုးရိုးအအ ကလေးမလေးတစ်ယောက်ဖြစ်ခဲ့၏။ ပြန်လည်မွေးဖွားလာပြီးနောက်မှာတော့ သူ(မ)က အပြင်ပန်းကြည့်လျှင် ချစ်စဖွယ်ကောင်းသော်လည်း အတွင်းစိတ်ကတော့ လုံးဝကွဲပြားသည့်လူတစ်ယောက် ဖြစ်သွားခဲ့သည်။ သူ(မ)၏ပုံစံအစစ်အမှန်ကို သိရှိသွ...