Chapter 11

512 46 0
                                    

သွားသင့် မသွားသင့် အားလော် တုံ့ဆိုင်းနေပြီးနောက်

"အဖေက အားလော်အတွက် ဆရာနဲ့ ဆရာမကို ခေါ်ထားပေးတာ။ အဲ့ဒါ သူတို့ မနက်ဖြန်ကျရင် ရောက်မှာတဲ့။"

တကယ်တမ်းတွင် အားလော် လိုက်ချင်သည်။ ယခင်ဘဝတုန်းက မလုပ်ခဲ့ရသည့်အရာများစွာရှိသောကြောင့် ယခုဘဝတွင် အရာအားလုံးကို ဝေ့လော် လေ့လာစူးစမ်းချင်သည်။ ထို့ပြင် စုန့်‌ဟွေ့လည်း ထိုနေရာတွင်ရှိနေသောကြောင့် ဝေ့လော် ပို၍သွားချင်ခဲ့သည်။ စုန့်ဟွေ့မှာ ဦးလေးကျုံးယီတို့၏အိမ်မှ အကြီးဆုံး မြေးတစ်ယောက်ဖြစ်ပြီး စာတတ်ပေတတ်လည်းဖြစ်သောကြောင့် အလွန်အချစ်ခံရသည်။ အထူးသဖြင့် ဦးလေးကျုံးယီ၏ဇနီးက စုန့်ဟွေ့ကို အလွန်ချစ်၏။ ချစ်လွန်းသဖြင့် စုန့်ဟွေ့ကို မဆူရက်မငေါက်ရက်ဖြစ်သည်။ စုန့်ဟွေ့ကို တွေ့သည့်အခါတိုင်း မဒမ်တုပင် ယဥ်ယဥ်ကျေးကျေးဆက်ဆံရသည်။ စုန့်ဟွေ့ကမူ အားလော်အပေါ် အလွန်ကြင်နာပေးပြီး သူ၏ ညီမရင်းလေးတစ်ယောက်လိုလည်း ချစ်ခင်လေသည်။ အားလော်ကိုယ်တိုင်လည်း ထိုအကြောင်းကို ယခင်က သိပ်မတွေးခဲ့ပေ။ သို့သော် ယခုတွင်မူ သူ(မ)အပေါ်ထားသည့် စုန့်ဟွေ့၏မေတ္တာများက မည်မျှရိုးသားမှန်ကန်သည်ကို သူ(မ) သိချင်လာခဲ့သည်။

'ငါ့အပေါ်ထားတဲ့ မေတ္တာတွေက အရမ်းမလေးနက်ခဲ့လို့နေမှာ‌ပေါ့။ မဟုတ်ရင် ငါမရှိတော့တာနဲ့ ဘာလို့ ဝေ့ကျန်းနဲ့ ချက်ချင်းလက်ထပ်မှာလဲ။'

ဝေ့ချောင်ရှန်းက အားလော်၏ပူပန်မှုများကို ရှင်းထုတ်ပေးလိုက်၏။

"သူတို့က မနက်ဖြန်မှရောက်မှာမဟုတ်လား။ ရောက်ရောက်ချင်းနေ့မှာတော့ သူတို့ စာမသင်လောက်သေးပါဘူး။ ဆရာနဲ့ ဆရာမကို နှုတ်ဆက်ပြီးတာနဲ့ အစ်ကို့ဆီကိုလာခဲ့။ ဒါဆို အစ်ကိုတို့ အတူတူသွားလို့ရပြီ။ ညီမလေးအားလော်။ အမဲလိုက်ခွေးပြိုင်ပွဲဆိုတာ အရမ်းကို ပျော်စရာကောင်းတာနော်။ မကြည့်လိုက်ရရင် နောင်ကျ နောင်တရနေလိမ့်မယ်။"

အားလော် ပြုံးလိုက်မိပြီး ခေါင်းကိုငုံ့၍

"ဒါဆိုလည်း ကောင်းပြီလေ။ အားလော် လာခဲ့မယ်။ တတိယအစ်ကိုက အားလော်ကို ကာကွယ်ပေးရမယ်နော်။ အဲ့ဒီ့ခွေးကြီး အား‌လော်ကိုကိုက်မှာ အားလော်ကြောက်တယ်။"

ချစ်ဇနီးလေးအား အလိုလိုက်ခြင်းWhere stories live. Discover now