Chapter 18.2

202 22 0
                                    

စုန့်ဟွေ့ ချက်ချင်းငိုင်ကျသွား၏။ လွန်ခဲ့သောရက်က သူတို့ မြို့စားယင်းအိမ်သို့ သွားခဲ့ရာတွင် မဒမ်တု အမှားတစ်ခုလုပ်ထားကြောင်း ဝေ့ကွမ်းပြောပြသည်ကို သူမှတ်မိသည်။ သို့သော်လည်း ထိုအမှားက ထိုမျှလောက် ကြီးမားနေမည်ဟု စုန့်ဟွေ့မထင်ထားခဲ့ချေ။ ဝေ့လော်ကလည်း လိမ်ညာပြောဆိုတတ်သူမဟုတ်။ ထိုရက်က မြို့စားယင်းအိမ်တော်မှ ထူးဆန်းသည့် အနေအထားကို ပြန်တွေးကြည့်လိုက်သော် ထိုကိစ္စမှာ အမှန်တကယ်ဖြစ်နိုင်နေလေသည်။ ထို့ကြောင့် စုန့်ဟွေ့တစ်ယောက် ပြောစရာစကားပျောက်ရှသွား၏။

'မဒမ်က ဘာဖြစ်လို့ ဒီလောက်ထိ လုပ်ရက်ရတာလဲ။ ဝေ့လော်က သူ(မ)ကို ဘာတွေများလုပ်ထားလို့လဲ။ ဝေ့လော်က ဘာမှမသိသေးတဲ့ ကလေးတစ်ယောက်။ လူကိုတွေ့ရင်လည်း ပါးချိုင့်လေးတွေပေါ်တဲ့အထိ ချစ်စရာကောင်းအောင် ရယ်ပြတတ်တဲ့ ကလေးလေး။ ဒါကိုများ သူ(မ) ဘယ်လိုနှလုံးသားနဲ့ လုပ်ရက်နိုင်ရတာလဲ။"

ထိုအကြောင်းကိုကြားသော် စုန့်ဟွေ့မှာ ဝေ့လော်အပေါ် အပြစ်ရှိစိတ်ရော သနားစိတ်ပါဖြစ်မိသည်။ မဒမ်တုက စုန့်ဟွေ့၏မိသားစုနှင့် ဆွေမျိုးတော်စပ်သောကြောင့် ထိုကိစ္စတွင်လည်း သူတို့မိသားစုအနေနှင့် တာဝန်ရှိနေသည်။ လက်ရှိအနေအထားအရ သူတို့တွင် မည်သည်ကိုမျှ ပြောပိုင်ခွင့်မရှိချေ။ မြို့စားယင်းမိသားစုက မဒမ်တုကို အပြစ်ပေးရန်ဆုံးဖြတ်လျှင်လည်း ကြားဝင်ဖျောင်းဖျနိုင်လိမ့်မည် မဟုတ်ပေ။ ဝေ့လော်ဘက်က ကျောင်းကျယ်နှင့် မည်သို့သိကျွမ်းခဲ့သည့်အကြောင်း ပြောပြရင်းနှင့် ထိုကိစ္စကို ပြောခဲ့သော်လည်း စုန့်ဟွေ့ကမူ ထိုကိစ္စကို သူ့မိဘများအား မည်သို့ပြောပြသင့်ကြောင်း မစဥ်းစားတတ်တော့ချေ။

စားသောက်ဆိုင်မှ ထွက်လာပြီးနောက် သူတို့နှစ်ယောက်စလုံး လျှောက်လည်ရန်စိတ်မပါတော့ချေ။ စံအိမ်သို့သာ ပြန်တော့မည်ဟု ပြင်ဆင်လိုက်ချိန်တွင် ဝေ့လော်က တစ်စုံတစ်ခုကို သတိရသွားသဖြင့် စုန့်ဟွေ့ကိုလှမ်းဆွဲလိုက်ပြီး

"အစ်ကိုစုန့်ဟွေ့။ အားလော် သက်စောင့်လက်ပတ်လေး မဝယ်ရသေးဘူးလေ။"

ချစ်ဇနီးလေးအား အလိုလိုက်ခြင်းWhere stories live. Discover now