"Lee အစစ်နဲ့ခံချင်တယ်ဆိုလဲ အစကတည်းက ယောက်ျားစစ်စစ်နဲ့တွဲလေ ဘာလို့ငါနဲ့လာတွဲနေသေးလဲ"
"မောင်!!!!"
"Stop! မင်းငါ့ကို အခုလေးတင်လမ်းခွဲစကားပြောပြီးဘာကိစ္စမောင်လို့ခေါ်နေတာလဲ"
ရှင်းသန့် တစ်ယောက် သူ့ကိုလမ်းခွဲစကားလာပြောနေသော မေသဇင်ဦးဆီသို့ မျက်စောင်းတစ်ချက်ထိုးလိုက်ကာ ခပ်ကျယ်ကျယ်အော်ပြောလိုက်တော့ Cafe ဆိုက်ရှေ့မှာထိုင်သောက်နေသောလူတစ်ချို့က ကွက်ကြည့် ကွက်ကြည့်နှင့်ကြည့်လာကြောင့် မေသဇင်ဦးတစ်ယောက် ရှင်းသန့်ကိုတိတ်တိတ်နေရန်ပြန်ပြောလိုက်သည်။
"ရှင်းသန့် စကားကိုတိုးတိုးပြောလို့မရဘူးလား"
"ဘာစောက်ကျေးဇူးရှိလို့အဲ့လိုပြောရမှာလဲ"
"ရှင်းသန့်ထွဍ်ခေါင်!!!!"
ထိုသို့ခေါ်လိုက်တော့ ရှင်းသန့်တစ်ယောက် မေသဇင်ဦးကို မျက်ထောင့်နီကြီးများဖြင့်စိုက်ကြည့်လာသည်။မေးကျော များလည်းထောင်ထွက်လာသည်။
"ငါ့ကို အဲ့နာမည်မခေါ်နဲ့လို့ပြောထားတယ်မှတ်လား မေသဇင်ဦး!!!"
အသံမှာလည်း ဒေါသကိုအတော်လေးထိန်းထားပြီးပြောနေသည့်ပုံစံဖြစ်တာကြောင့် မေသဇင်ဦးတစ်ယောက် ပြောလိုက်တာကို နောင်တရချင်ချင် ဖြစ်လာသည်။
"Sorry,sorry ငါတောင်းပန်ပါတယ် ငါဒေါသနည်းနည်းထွက်သွားလို့"
ဆိုပြီးတောင်းပန်လိုက်မှ အနည်းငယ်ဒေါသပြေေလျာ့သွားသည်ဟုထင်ရသည်။ထို့နောက် ရှင်းသန့် မျက်၀န်းထဲမှမျက်ရည်စများကိုတွေ့လိုက်ရသည်။
"ငါ နင့်ကို လမ်းခွဲစကားပြောလိုက်လို့၀မ်းနည်းသွားတာလား ရှင်းသန့်"
"ဟက်! ရူးပါ့ ငါကနင့်လိုသစ္စာမရှိတဲ့ လူတစ်ယောက်အတွက်နဲ့မျက်ရည်ကျမယ်များမှတ်နေလား သေတောင်မကျဘူး မျက်ရည်သနလို့"
ရှင်းသန့်ပြောလိုက်သည့်စကားကြောင့် မေသဇင်ဦးတစ်ယောက် ဒေါသလေးအနည်းငယ်ထွက်သွားရသည်။
"နင်!!"
"ဘာလဲ အမှန်တရားကိုပြောလိုက်လို့ နာသွားတာလား"
YOU ARE READING
Queen
Actionစာအခုမှရေးတာဖြစ်တဲ့အတွက် အရေးအသားညံခဲ့သည်ရှိသော်တောင်းပန်ပါတယ်နော်။ Started Date-10.5.2024 Friday