Part-5

5.8K 280 3
                                    

ရှင်းသန့်တစ်ယောက်ဆိုင်ကယ်ကို ဒုန်းဆိုင်း‌ေမာင်းလာခဲ့သည်။သူငယ်ချင်းများကလည်း သူနဲ့မနီးမဝေးမှလိုက်လာသည်။ဟိုတယ်ကိုရောက်တော့

Queen-"အားလုံးအိမ်ပြန်ကြတော့ အခုချက်ခြင်း"

ဟုဆိုလျက်ဝန်ထမ်းများကိုနှင်ထုတ်လိုက်သည်။ဟိုတယ်ဝန်ထမ်းများအကုန်ထွက်သွားတော့ Queen ကဟိုတယ်စတိုခန်းအနောက်ဘက်လျှို့ဝှက်ခန်းထဲသို့ဝင်ခဲ့လိုက်သည်။

ထိုအခန်းထဲတွင် ဆူးပတ်ထားသည့်ဘေ့စ်ဘောရိုက်တုတ်၊ပုဆိန်များ၊ ဓားရှည်များ၊ သေနတ်အမျိုးမျိုးနှင့် လူကိုနှိပ်စက်သည့်ပစ္စည်းများရှိနေသည်။

ခဏကကြာတော့ဟိုတယ်ရှေ့မှာဆိုင်ကယ်သံများကြားသဖြင့် ပုစိန်တစ်ခုကိုယူကာ ထွက်လာခဲ့လိုက်သည်။

Queen-"အခန်းနံပါတ်ဘယ်လောက်လဲ"

Jorden-"106"

ဟုပြောလိုက်တော့ Queen ကဓါတလှေကားဘက်လျောက်ကာအရင်ဝင်လိုက်သည်။သူ့နောက်မှ Jack Jorden Lucifa တို့ကအသီးသီးလိုက်ဝင်လိုက်ကြကာ အပေါ်သို့တက်လာခဲ့လိုက်သည်။အခန်းနံပါတ် 106 ကိုရောက်တော့ အခန်းထဲမှအသံများမှာ နားမခံချင်စရာ။

ဒုန်း
ဒုန်း
ဒုန်း

Queen တစ်ယောက်တံခါးကိုမဖွင့်ပဲ တံခါးကိုပုစိန်နှင့်သာခုတ်နေသည်။

Jorden-"ဘာလုပ်နေတာလဲ"

Queen-"တံခါးဖွင့်နေတာလေ"

ထိုသို့ပြောလိုက်တော့ Jorden သက်ပြင်းတစ်ချက်ချလိုက်ပြီးအိပ်ကပ်ထဲမှတစ်စုံတစ်ခုကိုထုတ်လာသည်။ထိုသည်ကိုမြင်တော့Queenက

Queen-"သတောင်းစား အစောကြီးကတည်းကမပြောဘူး အချိန်ကုန်အောင်လို့"

Jorden-"မင်းကမေးမှမမေးတာ"

ဟုဆိုလျက် တံခါးသော့ကိုပစ်ပေးလိုက်သည်Queen ကလည်း သော့ကိုဖမ်းလိုက်ကာ တံခါးကိုဖွင့်လိုက်ပြီးအထဲကိုဝင်ခဲ့လိုက်သည်။အထဲရောက်တော့ဦးခန့်သစ္စာပေါ်မြင်းတက်စီးနေတဲ့ ကောင်မလေးကအလန့်တကြားပြေးဆင်းသွားသည်

ခန့်သစ္စာ-"‌ေတာက်ဘာလဲ ဝန်းထမ်းတွေလား တံခါးမခေါက်ဘာမခေါက်နဲ့အရှိန်ပျက်သွားပြီ"

QueenWhere stories live. Discover now