Part-16

4.6K 217 3
                                    

ထိုနေ့က Queen တို့တစ်သိုက်အပြင်မထွက်ပဲ ထိုအိမ်ထဲမှာပဲအိပ်လိုက်ကြသည်။မနက် ၃ နာရီလောက်ရောက်တော့ Queen ကထကာ အပြင်ထွက်မည်အလုပ်

Boss-"ဘယ်သွားမလို့လဲ Queen"

Queen-"နွယ့်ဆီ"

ပြောရင်းနှင့်မျက်ရည်များဝေ့သီလာသော Queen။ထိုအချိန် King ပါနိုးလာကာ။

King-"ဘာသွားလုပ်မလို့လဲ"

Queen-"နွယ်က နောက်နှစ်ပတ်နေရင် မင်္ဂလာဆောင်တော့မယ်တဲ့"

ပြောရင်းနှင့်မျက်ရည်များစီးကျလာသည်။

Boss-"မနက်လင်းမှသွား"

Queen-"ဒါပေမဲ့..."

Boss-"ငါပြောတာနားထောင်!!! အခုချိန်သူတို့အိပ်ချိန်ပဲရှိဦးမှာ"

Boss ကလေသံမာနေတာကြောင်ြ Queen ငြိမ်နေလိုက်ရသည်။ဖြစ်နိုင်လျင်အခုချက်ချင်းပင်နွယ့်ဆီပြေးသွားချင်ပါရဲ့။မနက်၉နာရီလောက်ရောက်တော့ ရှင်းသန့်တစ်ယောက် Boss တို့အပြောကိုပင်မစောင့်ပဲထွက်လာခဲ့လိုက်သည်။ဆူချင်ရင်လည်းဆူပါစေနွယ့်စီရောက်ဖို့အရေးကြီးတယ်။

နွယ်တို့ခြံရှေ့ရောက်တော့ အင်္ကျီအမည်းနှင့်လူငါးယောက်က ခြံထဲမှာဟိုလျှောက်ဒီလျှောက်လုပ်နေသည်။ထိုအခါနွယ့်ကို ဖမ်းထားမှန်း ရှင်းသန့်ရိပ်စားမိလိုက်သည်။သူတို့ထဲကတစ်ယောက်က ရှင်းသန့်ကိုမြင်သွားကာအနားနားလျှောက်လာပြီး

"ဒီက ကောင်လေး...."

"ကောင်မလေး"

"ဟင်"

"ကောင်မလေးလို့ စောက်လုံးကန်းနေလား ဆံပင်လည်း ဒီလောက်ချထားတာကို လီးတဲ့မှ"

ရှင်းသန့်ကျိန်ဆဲလိုက်တော့ ထိုလူကလန့်သွားဟန်။

"မင်းစကားပြောတာရိုင်းလှချည်....."

"ဦးကျော်ထွဍ်ခေါင်ရှိတယ်မှတ်လား"

"ဘာ!!"

"ခေါ်ပေး"

"ဒီမယ်ကောင်မလေး!"

"ခင်ဗျားစောက်စကားကြောတော်တော်ရှည်တာပဲ အခုချက်ချင်းဒီတံခါးကိုဖွင့်လိုက်!!!!"

ရှင်းသန့်ပူထူနေသည်။အလာတုန်းကတော့အေးဆေးနွယ့်ကိုခေါ်ပြီးထွက်သွားမယ်စဉ်းစားထားပေမဲ့ ဦးကျော်ထွဍ်ခေါင်ရဲ့ကားကိုမြင်လိုက်ရတာကြောင့် အတော်ပင်စိတ်ရှုပ်သွားသည်။နွယ်ကဦးကျော်ထွဍ်ခေါင်နှင့်လက်ထပ်ဖို့ငြင်းလျှင် ဦးကျော်ထွဍ်ခေါင်ကလက်မခံပဲ အတင်းအကျပ်မယားအရာအဖြစ်သိမ်းသွင်းမည် ထိုသို့အဖြစ်မခံနိုင်ပါ။

QueenWhere stories live. Discover now