နွယ်တစ်ယောက်စိတ်ပူနေသည်။ကန်တော်ကြီးကိုသွားပြီးပြန်လာကတည်းက ထိုကလေးမကိုမတွေ့ရတာ နှစ်ပတ်ကျော်လောက်ရှိပြီ။
Cafe ဆိုင်သွားတော့လည်းမတွေ့ရ ဘားသွားတော့လည်းမတွေ့ရနဲ့ စိတ်ပူလာသည်။ထိုနေ့ညကစကားကိုပြန်ကြားယောင်ပြီး ပိုလို့ပင်အပူတိုးလာသည်။
"ရှင်းသန့်မောင်မောင်ဆိုတဲ့ကျွန်မရဲ့ဘဝမှာရဲ့ ဘဝမှာဒေါ် နွယ်ချိုသွေးဆိုတဲ့လူသားမရှိရင်အသက်မရှင်နိုင်ပါဘူး"
နွယ်တစ်ယောက်ခေါင်းခါပစ်လိုက်ကာ မဟုတ်ပါဘူးလို့တွေးမိသည်။ စိတ်ပူလို့ဖုန်းဆက်ရအောင်လည်းဖုန်းနံပါတ်ကမရှိ ကဒ်ကိုလွှင့်ပစ်ပြီးနောက်နေ့အမှိုက်မီးရှို့တဲ့ထဲပါသွားသည်။
ဒေါက်
ဒေါက်
ဒေါက်အတွေးနယ်ချဲ့နေချိန် တံခါးခေါက်သံကြောင့် တွေးတောနေရာမှရပ်လိုက်သည်။
"ဝင်ခဲ့ပါ"
ဟုပြောလိုက်သောအသံမှာအားမရှိ
"နွယ်ဘာလုပ်နေတာလဲ"
ဝင်လာသောသူကြောင့် စိတ်ညစ်နေရာမှစိတ်အနှောက်အယှက်ဖြစ်သွားရသည်။
"ပြောပါ ကိုကျော်ထွဍ်ခေါင်"
"နွယ်အားလား အရင်ကျွန်တော်တို့ ထမင်းသွားစားရအောင်"
"မလိုက်ချင်ဘူး ကိုကျော်ထွဍ်ခေါင်"
ထိုသို့ပြောလိုက်တော့ ဦးကျော်ထွဍ်ခေါင် မျက်နှာပျက်သွားသည်ကိုတွေ့လိုက်သော်လည်း နွယ်မှာအမှန်တစ်ကယ်ပင်မလိုက်ချင်။
"လိုက်သွားလိုက် နွယ်ချိုသွေး"
ဒါမာမီ့အသံ
"ဒီမယ် မောင်ထွဍ်ခေါင်ကဒီလောက်တောင် အလုပ်များနေတဲ့ကြားက သမီးကိုထမင်းစားဖို့လာခေါ်တာလေလိုက်သွားမှပေါ့ နွယ်ချိုသွေးရဲ့"
မာမီကထိုသို့ပြောတော့ မာမီ့အမိန့်ကိုမလွန်ဆန်နိုင်တာကြောင့် ဆောင့်အောင့်ကာ ထွက်လာခဲ့လိုက်သည်။စားသောက်ဆိုင်ရောက်တော့ ထိုကလေးမနှင့်တွေ့ခဲ့သည့်စားသောက်ဆိုင် ထိုင်သည့်နေရာကလည်း ထိုကလေးမသူ့ကိုချစ်စကားပြောခဲ့သည်နေရာ လွမ်းစရာတွေချည်းပါလား ကလေးမရယ်
YOU ARE READING
Queen
Actionစာအခုမှရေးတာဖြစ်တဲ့အတွက် အရေးအသားညံခဲ့သည်ရှိသော်တောင်းပန်ပါတယ်နော်။ Started Date-10.5.2024 Friday