Part-10

4.9K 192 2
                                    

"ထက်ရတီသွေး!!!!"

"ရှင်အန်တီရေလာပြီလာပြီ"

"အန်တီတွေဘာတွေလုပ်မနေနဲ့"

အန်တီနွယ့်ရဲ့လေသံကအတော်ပင်မာနေသည်မို့ ရတီကြောက်မိသည်။

"ဘာ ဘာလို့လဲအန်တီ"

"ဒီမှာဒါတွေကဘာတွေလဲ"

အန်တီပြတဲ့ပုံတွေကိုကြည့်လ်ိုက်တော့ ရတီကိုပျော်ရွှင်စွာဖတ်ထားသော သံစဥ်နှင့်အတူ။ရတီနှင့်သံစဥ်နမ်းနေကြသောပုံများ။ထိုပုံများကိုကြည့်ကာရတီအတော်ပင်ထိတ်လန့်သွားသည်။

"မေးနေတယ်လေ ထက်ရတီသွေး!!!!"

"အဲ့တာရတီ့ ချစ်သူပါ"

"ဘာ!!!မင်းမရွံဘူးလား ထက်ရတီသွေး!!!!!"

"အန်တီ!!မိန်းကလေးချင်းတွဲတာ ဘာများရွံစရာကောင်းလို့လဲ အချစ်ကအချစ်ပဲလေ ဘာလို့အန်တီတို့လက်မခံနိုင်ရတာလဲ"

ဖြန်း!!!

ထက်ရတီသွေး၏ ပါးပြင်ပေါ်သို့ကျရောက်လာသောဖခင်ဖြစ်သူ၏လက်ဝါးတစ်ချက် ယောက်ျားတစ်ယောက်အားဖြစ်သည့်အပြင် ရုတ်တရက်အရိုက်ခံလိုက်ရတာကြောင့် ထက်ရတီသွေးမှာ မှောက်လျက်လဲကျသွားသည်။

ပြန်မော့ကြည့်လိုက်တော့ သူ့ကိုဒေါသမီးဟုန်းဟုန်းတောက်နေသောမျက်လုံးများဖြင့်ကြည့်နေကြသော ဘွားဘွား၊မာမီ၊ဒယ်ဒီ၊ဦးလေးနှင့် အန်တီနွယ်။

"လိင်တူကြိုက်တာအဲ့လောက်ထိအပြစ်ကြီးလား ဒယ်ဒိရယ်"

"အေး ကြီးတယ် ကြီးတယ်ကွ ညည်းကမိသားစု နာမည်ကိုဖျက်စီးနေတာ ဦးကောင်းစက်သွေးရဲ့သမီးက လိင်တူကြိုက်နေပါတယ်ဆိုရင် ငါ့အသိုင်းအဝိုင်းထဲမှာငါဘယ်လိုမျက်နှာပြရမလဲကွ"

"သမီးရတီ သမီးကအခုစိတ်ကစားတဲ့အရွယ်မို့လို့ပါ သမီးသူကိုတစ်ကယ်မချစ်ပါဘူး သမီးသူနဲ့လမ်းခွဲလိုက်နော်"

အန်တီနွယ်ကလေသံအေးအေးလေးနှင်ပြောလာသော်လည်း ရတီတစ်ယောက်မအေးချမ်းနိုင်ပါ

"အန်တီချစ်ခဲ့ဖူးလား"

ထိုမေးခွန်းအတွက် နွယ့်မှာအဖြေမရှိပါ နွယ်မှမချစ်တတ်ခဲ့တာ။

QueenWhere stories live. Discover now