Part-2

9.7K 450 47
                                    

Killy ဂိုဏ်း မြေအောက်လောကတွင်မသိသူမရှိ ။မြေအောက်လောက၏ဘုရင်ဟုပင်ပြောလို့ရသည်။ အတားအဆီးမရှိရက်စက်သည်။လူကုန်ကူးမှုမလုပ် နိုင်ငံတော်၏အရေးပါသောပုဂ္ဂိုလ်‌များကို စောင့်ရှောက်ရန်ထိုဂိုဏ်းမှပင်ခေါ်ယူရသည်ဟုဆိုသည်။

အဓိက နာမည်ကြတာက ဂိုဏ်းကိုဦးဆောင်သူမှာ တစ်ယောက်ထဲမဟုတ်ပဲ ငါးယောက်ဖြစ်နေခြင်း ထိုထဲကမှ Queen ဆိုသူကပိုလို့ပင်နာမည်ကြီး၏။မိန်းခလေးတစ်ယောက်ဟုဆိုသော်လည်း ယောက်ျားချော,ချော၏။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တစ်ခိုင်ဖြစ်သလို။ ‌ပုရိသတို့၏အသည်းနှစ်လုံးကိုသိမ်းပိုက်ထားသူတစ်ယောက်လည်းဖြစ်သည်။

"ဟားဟားဟား ရှင်းသန့်ရေ မင်းကတော့တစ်ကယ့်ကောင်ပဲကွာ ဟားဟားဟား"

သူငယ်ချင်းလေးယောက် Gay Bar တစ်ခုတွင်ထိုင်ကာညနေကသူတို့ဆီမလာခင်လောလောလတ်လတ်ကြီးလမ်းခွဲခံလိုက်ရကြောင်းပြောပြနေခြင်းဖြစ်သည်။သူထင်တဲ့အတိုင်းပဲ ဟားတိုက်နေကြသော သူငယ်ချင်းသုံးယောက်ကိုကြည့်ကာ ရှင်းသန့်တစ်ယောက် ခေါင်းတစ်ခါခါသာလုပ်နိုင်သည်။

"သူကမင်းကိုပါးရိုက်တော့ မင်းကဘာပြောပြန်ပြောလိုက်လဲ"

ထိုအခါရှင်းသန့်က လူယုတ်မာပြုံးလေးပြုံးပြီး ညနေကပြောခဲ့သောပုံစံအတိုင်း လုပ်ကာ  လည်ချောင်းရှင်း လိုက်ပြီး

"တန်ပါတယ် ပါးတစ်ချက်အချခံရတာ ငါဆိုနင့်ကို ချထားတာ ၁၀ခါမကဘူးလေ အ အ့ အင့် အ ‌ဟင့် မောင်! အဲ့နားလေး အား! မောင် အဲ့နားလေးမြန်မြန် ဆိုပြီးညည်း သံလေးကနား၀င်ကိုချိုနေရော ခ်ခ် အဲ့ လိုပြန်ပြောလိုက်တယ်လေ"

"ဟားးးဟားဟား အူးးးဟားဟားဟား"

ရီသံများမှာအတောမသတ်နိုင်တော့ချေ။တော်တော်ကြာကြာအားရ‌ေအာင်ရီပြီးမှ

"အဲ့တော့ မင်းအသည်းကွဲနေတယ်ပေါ့"

"ဘယ်ကသာ သူ့လိုသစ္စာမရှိတဲ့လူအတွက်ဘာကိစ္စအသည်းကွဲရမှာလဲ ခံပြင်းတာဟ ခံပြင်းတာ ငါ့လိုနုနုယွယွလေးကိုကျော်ပြီး ဟိုသက်ကြားအိုကြီးကိုရွေးလိုက်လို့ခံပြင်းနေတာ"

QueenWhere stories live. Discover now