❗ဖတ်ပေးကြပါ❗

5.7K 208 20
                                    

ဟုတ် ပထမဆုံးအနေနဲ့ပြောချင်တာကပေါ့နော် Queen ကိုဖတ်ပေးကြတဲ့ viewer အားလုံးကိုကျေးဇူးတင်ပါတယ်နော်။ep-1နဲ့တင်ကျွန်တော်တို့နှစ်ယောက်လုံးထင်မှတ်မထားတဲ့ view ပါ။တစ်ချို့တွေကတော့ သိကြမှာပါနော် ဒီ fic ကကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ပေါင်းရေးတာဖြစ်ပြီး ကျွန်တော့်သူငယ်ချင်းက စဉ်းစားပေးတယ် ကျွန်တော်ကသူစဉ်းစားပေးတဲ့ဟာတွေကို အစီအ‌လျော်တည့်အောင်ရေးပေးရပါတယ်နော်။

အခုပြောချင်တာက fic ကိုစဉ်းစားပေးတဲ့သူငယ်ချင်းဘက်ကမဟုတ်ဘဲ ကျွန်တော့်ဘက်ကလိုအပ်ချက်ရှိတာပါဗျ။ကျွန်တော်က နောက်လဆိုရင်ပေါ့နော် ကျွန်တော့်အမကဂျပန်မှာအလုပ်လုပ်မယ်။ကျွန်တော်ကတော့ အမနဲ့အတူလိုက်ပြီး ဂျပန်မှာကျောင်းတက်ရမယ်ပေါ့နော်။

နောက်လကိုချက်ချင်းလက်ငင်းကြီးကောက်သွားရမှာဖြစ်တာကြောင့် ကျွန်တော့်သူငယ်ချင်းကို ဒီ fic ကိုပေါ့နော် မြန်မြန်ဆန်ဆန် စဉ်းစားပေးဖို့ တောင်းဆိုရပါတယ်။အဲ့ဒီ့အတွက် ဒီ fic မှာလိုအပ်ချက်တွေတော်တော်များပါတယ်။ကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်း နှစ်ယောက်လုံးဒီ fic ကိုအားမရပါဘူး။ကျွန်တော်ကကျတော့် အဲ့လိုမျိုးဗျာ fic ‌တွေကိုမစဉ်းစားတတ်ဘူးဗျာ ဘယ်လိုစရမယ် ဘယ်လိုဇာတ်သိမ်းရမယ် အစရှိသဖြင့်ပေါ့။အဲ့အတွက် ကျွန်တော့်ဘက်ကစာဖတ်သူများကို အနူးအညွန့်တောင်းပန်ပါတယ်ဗျ။

ကျွန်တော် ကျွန်တော့်သူငယ်ချင်းကိုလည်းအားနာရပါတယ်။ သူ့ရည်ရွယ်ချက်ကပေါ့နော် အဲ့လို စာလေးတွေရေးပြီး အေးအေးချမ်းချမ်းနေချင်တာပေါ့နော်(သူစဉ်းစားပေးတဲ့ဟာတွေက အေးအေးချမ်းချမ်း နေရတာနဲ့လိုက်ပါတယ်🙂)စတာပါ။

ကျွန်တော်သာအဆင်ပြေမယ်ဆိုရင် ပေါ့နော် နောက်လာမဲ့ မဟူရာစက်ရှင် တို့အတွဲကို အကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့နှစ်ယောက်ကြိုးစားပေးပါ့မယ်။ကျွန်တော့်သူငယ်ချင်းကလည်း အကောင်းဆုံးကြိုးစားပေးနေပါတယ်။

ကျွန်တော်တို့နှစ်ယောက်ပေါင်းပြီး ဘယ်လိုရေးလဲဆိုရင်ဗျာ သူကအဲ့ဒီ အကြောင်းတွေကိုစာအုပ်ထဲမှာရေးမှတ်တယ်။သူကအိမ်မပိုင်တော့အပြင်မထွက်ရဘူးပေါ့နော်။အဲ့ဒါကြောင့်ကျွန်တော်ကပဲ သူ့အိမ်ကိုသွားပြီး စာလုပ်သလိုလို၊ဂိမ်းဆော့သလိုလိုနဲ့ သူ့အိမ်ကစာအုပ်ကိုယူပြီး ရေးရတာပေါ့နော်။

အခု fic ကအဆုံးသတ်ချာသွားတာတွေ လိုအပ်ချက်တွေရှိတာတွေအတွက် ကျွန်တော့်ဘက်ပဲ စာဖတ်သူတို့ကိုအနူးအညွန့်တောင်းပန်ချင်ပါတယ်ပေါ့နော်။ကျွန်တော်လည်း ထင်မထားဘူးဗျ ဂျပန်ကိုသွားရမယ်လို့။အဲ့တာကြောင့်ပါ အနူးအညွန့်တောင်းပန်ပါတယ်။ကျွန်တော့်ဘက်ကသာလိုအပ်ချက်မရှိရင် ဒီ fic လေးကတစ်ကယ်ကောင်းမယ်လို့ယုံကြည်ပါတယ်။အခုလိုဖြစ်သွားတဲ့အတွက်လည်း အနူးအညွန့်တောင်းပန်ပါတယ်ဗျ😞။

Maung

You've reached the end of published parts.

⏰ Last updated: May 23 ⏰

Add this story to your Library to get notified about new parts!

QueenWhere stories live. Discover now