Part-14

4.5K 193 1
                                    

"လွှတ်!!ငါ့ကိုလွှတ်!!"

မေသဇင်ဦးတစ်ယောက် ဦးကျော်ထွဍ်ခေါင်အိမ်မှအပြန်မေ့ဆေးအုပ်ကာ ဖမ်းစီးခြင်းခံလိုက်ရသည်။ နိုးလာတော့ မျက်နှာကို အဝတ်စဖြင့်အုပ်ထားပြီး အရာရာဟာအမှာင်မဲနေသည်။ခန္ဓာကိုယ်ကိုလည်း ထိုင်ခုံမှာကြိုးနဲ့အချည်ခံထားရတယ်

"ချွတ်လိုက်"

လို့ပြောလိုက်သံနှင့်အတူ မေသဇင်ဦးရဲ့ မျက်နှာပေါ်မှာအုပ်ထားတဲ့ အ၀တ်စကိုချွတ်လိုက်တော့ အလင်းရောင်စူးစူးကြောင့်မျက်လုံးကိုခဏမှိတ်ထားလိုက်ပြီးပြန်ဖွင့်လိုက်တော့။

မေသဇင်ဦး-"နင်က...နင်က ရှင်းသန့်ရဲ့သူငယ်ချင်းမှတ်လား။"

King-"ဟုတ်တာပေါ့ ရှင်းသန့်မောင်မောင်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းကြီး"

မေသ‌ဇင်ဦး-"ဘာလို့ ငါ့ကိုဖမ်းလာတာလဲ ဒါတွေကိုဖြည်ပေးစမ်းအခု!!"

King-"နင်ဘာလို့ အဲ့လိုလုပ်ရတာလဲ"

မေသဇင်ဦး-"ဘာကိုလည်း"

King-"ဘာလို့ ဒေါ်နွယ်ချိုသွေးက သူ့အမရည်းစားနဲ့သူ့အမကိုခွဲပြီး သူ့အမကိုရူးအောင်လုပ်တဲ့သူပါလို့သွားပြောရတာလဲ။"

မေသဇင်ဦး-"ဘာလဲ အမှန်တရားကိုပြောလိုက် တာလေ တစ်ချိန်ချိန်ကျသိမှာပဲကို"

King-"Ok,ဒီနေ့ကမင်းအဲ့လိုပြောလိုက်လို့ နောင်တရမဲ့နေ့ပဲ"

ဟုဆိုကာ အပြင်ကလူတွေကိုတစ်ခုခုယူလာခိုင်းသည်။

King-"သူ့ပါးစပ်ကိုတစ်ခုခုစည်းထားလိုက် သူအော်ရင်နာညီးမှာစိုးလို့"

လို့ပြောလိုက်တော့အနားမှာရှိတဲ့လူတစ်ယောက်က မေသဇင်ဦးနားရောက်လာကာ သဇင်ဦး၏ပါးစပ်ကို အဝတ်စတစ်ခုခုနဲ့စည်းလိုက်တယ်။ အပြင်ကနေယူလာတဲ့ အရာကြောင့် မေသဇင်ဦးမှာမျက်လုံးအတော်ပင်ပြူးသွားရတယ်။

လူနှစ်ယောက်က မီးဖိုတစ်ခုကိုသယ်လာသည် မီးဖိုထဲတွင်လည်း သံချောင်းတစ်ချောင်းကိုနှစ်ကာ အပူပေးထားပုံရ၏။ထိုလူနှစ်ယောက် ကမီးဖိုကိုချလိုက်တော့King ကသံချောင်းကိုဆွဲနှတ်လိုက်သည်။သံချောင်းထိတ်မှာရှိတဲ့ အဝိုင်းလေးက အပူရှိန်ကြောင့်ရဲနေသည်။

QueenWhere stories live. Discover now