Part-7

5.5K 260 1
                                    

Queen အိမ်ရောက်တော့ရေမိုးချိုးလိုက်သည်။ပြီးနောက် စားပွဲပေါ်မှာတင်ထားတဲ့ဝိုင်ကိုဖောက်လိုက်ပြီး ဝိုင်ခွက်ထဲထည့်ကာတစ်ငုံသောက်လိုက်သည်။ သူ့ဘဝတစ်လျှောက်လုံးဝိုင်တစ်ခါမှမသောက်ဖူးခဲ့။ယခုတော့သူ့ရဲ့အသက်သွေးကြောလေးက ဝိုင်ကြိုက်သည်ဆိုသဖြင့် သောက်နေခဲ့မိသည်။

ထို့နောက် သူစင်ပေါ်သီချင်းတက်ဆိုတုန်းက သူ့ကိုအသင်သွေးကြောလေးလို့ခေါ်လိုက်တုန်းက ရှက်သွေးဖြာကာခေါင်းလေးငုံသွားပုံကို မျက်လုံးထဲကမထွက်သေး။

"တကယ့်ကို အသက်သွေးကြောလေးမှအသက်သွေးကြောလေး။"

ထိုအချိန် တွင်သူ့အသက်သွေးကြောလေးကဦးထွဍ်ခေါင်နဲ့မချစ်မနှစ်သက်ပဲလက်ထပ်ရမည်ဆိုတော့ မျက်နှာကတင်းခနဲ တစ်ဆက်ထဲသူ့ရဲအသက်သွေးကြောလေးကိုစိတ်ပူသွားသည်။ဦးထွဍ်ခေါင်ကသူလိုချင်တာကိုမရ,ရအောင်ယူတတ်တဲ့လူစားမျိုး။

ထို့နောက်အတွေးများကအတိတ်စီသို့ ထိုနေ့ကနေသာကာရာသီဥတုသာယာသော်လည်းရှင်းသန့်ရင်ထဲမသာယာခဲ့မိခင်ဖြစ်သူက သူ့ကိုဦးထွဍ်ခေါင်၏အိမ်တွင်ထားခဲ့သည်။ထို့နေ့ကအလွန်ကြောက်ရွံသော်နေသော်လည်း၊မမ,မမသံစဥ်ထွဍ်ခေါင်က သူ့ကိုနှစ်သိမ့်ပေးသည်။မေမေကပြန်လာမည်ပြောသော်လည်း ပြန်မလာခဲ့ ထိုနေ့မှစကာညစဥ်ညတိုင်းလူမသိအောင်ခိုးငိုခဲ့ရသည်။

"ရှင်းသန့်ထွဍ်ခေါင်!!!"

ဦးကျော်ထွဍ်ခေါင်၏ အော်သံကြောင့် ရှင်းသန့်မှာတံခါးဝှက်အကွယ်မှကြောက်ရွံစွာဖြင့်ထွက်လာသည်။

"မင်းမိသားစုကိုသိက္ခာချနေတာလား ရှင်းသန့်ထွဍ်ခေါင်"

"မဟုတ်...မဟုတ်ပါဘူး ဒယ်ဒီ"

"တိတ်စမ်း ငါကမင်းဒယ်ဒီမဟုတ်ဘူး မင်းလိုမျိုးအပေအတေလေးရဲ့ ဒယ်ဒီဖြစ်ရတာ ငါ့ကိုငါရွံတယ် မင်းကမွေးမလာသင့်တဲ့ကလေး"

"ဒယ်ဒီတော်တော့ ညီမလေးကိုမအော်ပါနဲ့ သူကတမင်ကလာ အဆင့်တစ်မရအောင်လုပ်တာမှမဟုတ်တာ သူ့အရွယ်လေးနဲ့ဒီလောက်ရတာတော်ရောပေါ့"

မမသံစဥ် သူ့ရှေ့မှာအမြဲတမ်းမားမားမတ်မတ်ရပ်တည်ပေးခဲ့သူ ဦးကျော်ထွဍ်ခေါင် ဆူတိုင်းသူ့ရှေ့မှ မားမားရပ်တည်ပေးခဲ့သူ။အဖေတူ အမေကွဲမောင်နှစ်မဆိုပေမဲ့သူ့ကို အမြဲတမ်းကာကွယ်ပေးခဲ့သူ။သူ့ရဲ့ခိုနားရာ။

QueenWhere stories live. Discover now