Part-9

5.2K 223 3
                                    

နွယ်တစ်ယောက်မောင်က ဘုရားသွားရအောင်ဆို၍ မနက်ကတည်းကပြင်ဆင်ထားသည်။ချစ်ရသူရှေ့အစွမ်းကုန်လှပနေစေရန်ပြင်ဆင်ထားသည်။ သို့သော်မျှော်နေသူကပေါ်မလာပဲ မျှော်လင့်နေတဲ့သူမဟုတ်တဲ့ တစ်ဦးသာပေါ်လာသည်။

"နွယ်"

"ဘာလာလုပ်တာပါလဲ ကိုကျော်ထွဍ်ခေါင်"

"နွယ့်ဆီလာတာလေနွယ်"

"ကျွန်မရှင့်ကို မချစ်ဘူးလို့ပြတ်ပြတ်သားသားငြင်းခဲ့ပြီးပြီလေ"

"ကိုသိပါတယ် ဒါ‌ေပမဲ့နွယ်ကို့ကို အခွင့်အရေးလေးပေးလို့မရဘူးလားဟင်"

"ဒီမှာကိုကျော်ထွဍ်ခေါင် ကျွန်မရှင့်ကိုမချစ်ဘူးလို့ပြောပြီးပြီလေ ဘာလို့လိုက်တွယ်ကပ်နေရတာလဲ"

"နွယ်"

ဦးထွဍ်ခေါင်နဲ့စကားပြောနေစဥ်အနောက်မှမောင့်အသံကြားသဖြင့် နွယ်တစ်ယောက်ပျော်သွားသည်။

"နောက်ဆိုအနေအထိုင်ဆင်ချင်ပါ ဦးကျော်ထွဍ်ခေါင် နွယ်ကကျွန်တော့အပိုင်ပါ"

ဟုဆိုလျက်နွယ့်လက်ကိုဆွဲကာ ရှေ့မှထွက်လာခဲ့လိုက်သည်။

"မောင်"

"ပြောလေနွယ်"

ကားထုတ်နေရင်းနှင့်ပင် ဘေးသို့လှည့်ကြည့်လာသည်။ဒီနေ့တွင်တော့မောင်ကတိုက်ပုံအင်္ကျီအဖြူရောင်ရယ် ပုဆိုးကွက်စိတ်လေးရယ် ဆံပင်ကို မြှောက်စီးထားတာကြောင့်မောင့်မျက်နှာလေးကပို၍ပေါ်လွင်နေသည်။

"ချစ်တယ်မောင်"

"မောင်ကပိုချစ်တာပေါ့နွယ်ရဲ့"

ဟုဆိုကာကားစထွက်လိုက်သည်။

ဘုးရာရင်ပြင်ပေါ်ရောက်တော့မောင့်လက်ကလေးကိုဆွဲကာ ဘုရားဆီလျှောက်သွားရသည်ကလည်းကြည်နူးစရာ မောင်နဲ့ပတ်သတ်အမျှဟာကြည်နူးစရာပါလေ။ဘုရားဖူးတော့လည်း နွယ့်နေ့နာမ်ထောင့်မှာပဲ ဖူးသည်။မောင်ဟာချစ်စရာအလွန်ကောင်း။

ဘုရာဖူးပြီးတော့ အရိပ်ရတဲ့နေရာနားကထိုင်ခုံတစ်ခုမှာအတူထိုင်ကြသည်။ခဏကြာတော့မောင်က ထိုင်ခုံပေါ်မှဆင်းကာ နွယ့်ရှေ့တွင်ဒူးထောက်ထိုင်လိုက်သည်။

QueenWhere stories live. Discover now