Part-13

4.4K 194 1
                                    

"မင်းလုပ်ငန်းတွေမစရသေးဘူးလားမေသဇင်ဦး"

"ဖြည်းဖြည်းပေါ့ ဦးကျော်ထွဍ်ခေါင်ရယ် ဘာကိစ္စလောနေတာလဲ"

"ဘာ လောတယ်ဟုတ်လား မင်ငါ့ကိုဂတိပေးထားတာဖြင့်ကြာလှပြီ အခုထိငါနွယ့်ကိုမပိုင်ဆိုင်ရသေးဘူးကွ"

"နောက်ထပ်ရက်နည်းနည်းပဲစောင့်ပါ ဦးရယ် မေ နွယ့်ကိုဦးအပိုင်ဖြစ်အောင်လုပ်ပေးပါ့မယ်။"

ထိုစဥ်သူတို့ရှိရာနေရာသို့ လျှောက်လာသောလူတစ်ယောက် ဦးကျော်ထွဍ်ခေါင်က သူ့ကိုမော့ကြည့်လိုက်တော့ 
"ခွန်းစက်သွေး"

"အံဩစရာကြီးနော် ဦးကျော်ထွဍ်ခေါင်လိုလူမျိုးက မမကိုတောင်ပိုင်ဆိုင်အောင်မလုပ်နိုင်ဘူး"

ခွန်းစင်၏ စကားကြောင့် ဦးကျော်ထွဍ်ခေါင်မျက်မှောင်ကျုံလိုက်ကာ

"မင်းဘာစကားပြောတာလဲ ခွန်းစက်သွေး"

"စိတ်လျှော့ပါ ဦးကျော်ထွဍ်ခေါင်ရဲ့ ကျွန်တော့်ဆီမှာ ဦးကျော်ထွဍ်ခေါင်အတွက်စိတ်ဝင်စားစရာတစ်ခုရှိတယ်"

ဟုဆိုကာထိုင်ခုံတွင်ဝင်ထိုင်လိုက်ပြီး အိတ်ကပ်ထဲမှအသံဖမ်းစက်တစ်ခုကိုထုတ်ကာ

"ဒီအသံဖမ်းစက်ထဲမှာ မမက ရှင်းသန့်ရဲ့အသက်တစ်မျှချစ်ရတဲ့ သံစဥ်ထွဍ်ခေါင်နဲ့ ကျွန်တော့်တူမ ထက်ရတီဦးကို ခွဲတာသူပါဆိုတဲ့သက်သေရှိတယ်"

"အဲ့သက်သေကဘာလုပ်......"

ဦးထွဍ်ခေါင် ကစကားကိုရပ်လိုက်သည်။ပြီးမှသဘောပေါက်စွာဖြင့် အားရပါးရရီကာ အသံဖမ်းစက်ကိုကောက်ကိုင်လိုက်ပြီး

"နွယ် နွယ် နောက်ဆုံးတော့မင်းကငါ့အပိုင်ဖြစ်လာတော့မှာပဲ ဟားဟားဟား"

-----------------
နွယ်တစ်ယောက်ယနေ့ မောင်က Cafe ဆိုင်ကိုခဏလာခဲ့ပါဦးဆိုလို့ရောက်လာသည်။ရောက်လာတော့ မောင်မရှိသေးပဲမောင့် သူငယ်ချင်းတွေသာရှိနေသည်။မောင့် သူငယ်ချင်းတွေရဲ့မျက်နှာက အနည်းငယ်တင်းမာပြီးဝမ်းနည်းနေသယောင်။

Jorden-"အန်တီက ရှင်းသန့်ချစ်သူလားမသိဘူးဗျ"

နွယ်-"ဟုတ်ပါတယ်"

QueenWhere stories live. Discover now