Part-3

6.8K 335 4
                                    

"အင်းလှတယ် နာမည်ကောလှတယ်လူကောလှတယ် ကျွန်တော်လက်ချောင်းတွေကြားမှာညည်းနေရင် ပိုတောင်လှဦးမှာ"

"ဘာပြောတယ်!!"

" ဟင် ဪ နာမည်ကောလူကောလှတယ်လို့ပြောတာလေ"

"မင်း!!"

ထိုစဉ်ဆိုင်ထဲသို့ လူတစ်‌ေယာက်၀င်လာသည်။

"ဪ မမကအရင်ရောက်နေတာပဲ"

ထိုအရိုင်းအစိုင်းလေးက ထို၀င်လာတဲ့သူကိုပြုံးပြလိုက်သည်။ထိုနောက် ထို၀င်လာသည့်ကလေးမက ဆိုင်နောက်ဘက်သို့၀င်သွားသည်။ကြည့်ရတာဆိုင်၀န်ထမ်းဖြစ်မည့်ပုံ။

"စောစောနက ထွက်သွားတဲ့သူငယ်ချင်းသုံးယောက်လုံး ကအ‌ေခြာက်တွေလေ"

"ဟင်"

"ယောက်ျားလေးသုံးယောက်ကိုပြောတာ သူတို့က Gay တွေ မိန်းခလေးတွေစိတ်မ၀င်စားဘူး ယောက်ျားလေးတွေကိုပဲစိတ်၀င်စားတာ စောစောနကသူတို့ပြောတဲ့ ဘားဆိုတာကလည်း Gay bar ကိုပြောတာ"

"မင်းကို တို့မေးမိလို့လား"

"အန်တီသိချင်‌ေနတယ်ဆိုတာသိလို့"

"တို့မင်းကကို သိချင်တယ်လို့မပြောလိုက်ပါဘူး"

"မပြောလည်းအန်တီသိချင်နေတယ်ဆိုတာသိတယ်"

ဟုသူ့မျက်၀န်းတည့်တည့်ကိုစိုက်ကြည့်ပြီးပြောလိုက်တာကြောင့်နွယ်တစ်ယောက် မျက်လွှာကိုအရင်ချလိုက်သည်။အကြည့်‌ေတွကမြူဆွယ်‌ေနသ‌ေယာင်။ထို့‌ေကြာင့်ထထွက်လာခဲ့သည် ။

ထိုအရိုင်းအစိုင်းလေးနှင့်ဝေးရာကိုသွားချင်ပါသော်လည်း ကံတရားကမျက်နှာသာမပေး။ထထိုင်လိုက်စဉ်ခြေခေါက်ပြီးဟန်ချက်ပျက်သွားတာကြောင့် လဲကျသွားသည်။

သို့သော် သူလဲကျသည်က ကြမ်းပြင်ပေါ်မဟုတ်ပဲနွေးထွေးကာ မွှေးအီနေသော ရင်ခွင်တစ်စုံထဲသို့။မော့ကြည့်လိုက်တော့ သူရှောင်ထွက်လာသည့်မျက်၀န်းများနှင့်ထပ်ဆုံသည်။

အနီးကပ်ကြည့်တော့ထိုအရိုင်းအစိုင်းလေးက ယောက်ျားတစ်ယောက်လိုချောသည်။ထိုမျက်နာလေးကိုကြည့်ရင်း နှစ်လုံးခုန်တွေမြန်လာခဲ့သည်။

QueenWhere stories live. Discover now