୨-0-୧

1.5K 157 27
                                    


စတင်ခြင်းတိုင်းမှာ အဆုံးသတ်ဆိုတာရှိစမြဲ... ဒီလိုပဲ အဆုံးသတ်တိုင်းဟာလည်း စတင်မှုတိုင်းရဲ့လမ်းစတွေ ...

အရာရာတိုင်းမှာ timing ဆိုတာရှိတယ်။ ဘတ်စ်ကားပေါ်တက်ခါနီး တစ်ယောက်ယောက်ဆီကနေ ဖုန်းဆက်လာသလိုမျိုး... ဆင်တူလက်စွပ်ပေးခါနီးမှာ လမ်းခွဲဖို့ ပြောခံရသလိုပေါ့။

ရေခဲသေတ္တာထဲမှာရှိတဲ့ နွားနို့ဘူးလေးရဲ့သက်တမ်းက နောက်နှစ်ရက်နေမှ ကုန်ဆုံးမှာဖြစ်ပေမဲ့ သူနဲ့ကျွန်တော်ကြား ဆက်ဆံရေးကတော့ ဒီနေ့မှာတင် သက်တမ်းကုန်သွားခဲ့ပြီ။

"လမ်းခွဲရအောင် ကျန်းဟောင့်"

"အင်း အဲ့လိုလုပ်တာပေါ့"

ဘာကြောင့်မှန်း သေချာမသိခဲ့သလို မေးလည်းမမေးချင်ခဲ့ဘူး။ ဖြစ်နိုင်တာ မသိစိတ်ကနေ အဖြေကို သိထားပြီးလို့ ထင်ပါရဲ့။ မမေးချင်ခဲ့တာက တဖက်လူရဲ့ အကြောင်းပြချက်တွေကိုကြားရင် နှလုံးသားက ခံနိုင်ရည် မရှိနိုင်လောက်ဘူးလေ။

•·················•·················•

ဟန်ဘင်းနဲ့တွေ့ခဲ့တာ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာ။ တစ်နှစ်တောင်မပြည့်သေးတဲ့အချိန်အတွင်း သူတို့နှစ်ယောက် သိပ်ချစ်ခဲ့တာမဟုတ်လား။ မြင်မြင်ချင်းအချစ်ကိုအယုံအကြည်မရှိခဲ့တဲ့ သူက ဆောင်းဟန်ဘင်းဆိုတဲ့ လူတစ်ယောက်ကိုမြင်ပြီးမှ လူတစ်ယောက်အကြောင်း သေချာမသိသေးပဲ... နာမည်လေးတောင်မသိလေးပဲ... အကြည့်ချင်းဆုံမိတဲ့ခဏမှာတင် ချစ်မိသွားနိုင်တယ်ဆိုတာကို လက်ခံလိုက်ရတယ်။

အနက်ရောင်ကုတ်အရှည်နဲ့ မာဖလာအဖြူပတ်ထားသည့်အမျိုးသားက ဆောင်းရာသီရဲ့ မီးလင်းဖိုလေးလို ကျန်းဟောင့်ရဲ့ပါးပြင်တွေကို ပူနွေးစေခဲ့တာ။ နှလုံးသားကလည်း တစ်ချိန်ထဲမှာပဲ ချစ်မိသွားပြီလို့ဟစ်အော်ရင်း ခုန်ပေါက်နေခဲ့တယ်လေ။

ကိုရီးယားကိုရောက်ရောက်ချင်း အချစ်ဆိုတဲ့အရာကို မြင်တွေ့လိုက်ရမယ်မထင်ခဲ့ဘူး။ ဘယ်တော့ကမှလည်း မြင်ရလိမ့်မယ် မထင်ခဲ့ဖူးဘူး။ အချစ်ဆိုတာ စိတ္တဇနာမ်လေ ဘယ်လိုလုပ်မြင်နိုင်မှာတဲ့လည်း။ ဒါပေမဲ့ ဆောင်းဟန်ဘင်းကိုမြင်တဲ့ခဏ အချစ်ဆိုတာ လူသားတစ်ယောက်လည်း ဖြစ်နိုင်တယ်ဆိုတာ ကျန်းဟောင့်နားလည်လိုက်ပါပြီ။

You had me at HelloWhere stories live. Discover now