「 အရင်နဲ့မတူတဲ့ အရင်ကလူရဲ့ ပြောင်းလဲသွားပေမဲ့ ကျန်ရစ်နေစဲ အမူကျင့်လေးများ」
🍂
"အဲ့တော့ အခုချိန်ကစပြီး ပြိုင်ပွဲပြီးတဲ့အထိ ကျွန်တော့်စားဝတ်နေရေး ဟျောင်းတာဝန်ယူပေး ဆေးတွေအထိပါ Deal?"
*ring ring ring*
စိတ်လှုပ်ရှားစွာ ကျန်းဟောင့်ထံမှအဖြေကိုစောင့်မျှော်နေစဉ် အလိုက်မသိထမည်သော ဖုန်းမြည်သံကြောင့် ဟန်ဘင်းစိတ်ပျက်သွားသလို ကျန်းဟောင့်လည်းပဲ ကမ်းလှမ်းမှုကိုသေချာမစဉ်းစားနိုင်ခဲ့။ ဖုန်းမြည်သံကြောင့် အလိုလိုခေါင်းဟာ မှန်စားပွဲအထက်ရှိ တုန်ခါနေသော ဖုန်းမျက်နှာပြင်ဆီ ကြည့်မိသည့်အခါ ရင်းနှီးနေသော နာမည်တစ်ခုကိုတွေ့လိုက်ရတာကြောင့် ငိုင်သွားပြီး တချိန်ထဲ ခေါင်းထဲအတွေးများစွာဝင်လာပြန်သည်။
[ဂျိုဂျီယောင်း]
ဂျိုဂျီယောင်း... ကျောင်းတုန်းကစီနီယာမဟုတ်လား? ထိုလူနဲ့ ကျန်းဟောင့်က ဒီနှစ်တွေအတွင်းအဆက်အသွယ်ရှိနေတုန်းလား? ကျန်းဟောင့်မှာတော့ ဖုန်းဖြေဖို့ရန် ဖုန်းကိုကိုင်လို့ အပြင်သို့ထသွားပြီ။
"အခန်းထဲမှပဲ... နည်းနည်းအိပ်လိုက်"
ကျန်းဟောင့်စကားဆုံးသည့်အခါ အခန်းတံခါးမှာ ပိတ်သွားပြီဖြစ်ပြီး ဟန်ဘင်းတစ်ယောက်ထဲ ရုံးခန်းထဲ၌ ကျန်နေခဲ့ပြီ။
ဂျိုဂျီယောင်း ကဘယ်လိုလူမျိုးလဲ?
တက္ကသိုလ်တုန်းက အခြားအတန်းဖော်များကိုမမှတ်မိရင်တောင် ဟန်ဘင်း စီနီယာဂျီယောင်းကိုတော့ ဘယ်လိုမှမေ့နိုင်မည်မဟုတ်။ ဖော်ရွှေပြူငှါပြီး စံပြကျောင်းသားတစ်ယောက်ဖြစ်သည့်အပြင် လူကြီးလူကောင်းဆန်သည်။ စီနီယာတွေအပြောအရ ဂျီယောင်းမှာလည်း campus crush ပင်။ စောစော စစ်မှုထမ်းပြီးမှ ကျောင်းပြန်ဝင်လာတာကြောင့် သာမန်တက္ကသိုလ်ကျောင်းသားများကြား ဂျိုဂျီယောင်းမှာ ယောကျာ်းဆန်စွာ ထင်းထွက်လို့နေခဲ့တာ။
တကယ်မေ့လို့မရသည့်အကြောင်းအရင်းကတော့ စိတ်ရှုပ်စရာကောင်းလောက်အောင်ကို ထိုလူအား ကျန်းဟောင့်အနား အမြဲတွေ့ရတတ်တာမို့ပဲ။ အစက ပုံမှန်သတိထားမိယုံလောက်သာဖြစ်ပေမဲ့ ကျန်းဟောင့်နဲ့တွဲပြီးနောက်ပိုင်းမှာတော့ မိမိမှာ ချစ်သူကောင်လေးဆိုသည့် ရာထူးကိုရသွားတာကြောင့်လားမပြောတတ် ကျန်းဟောင့်ဘေးနားရှိ လူများအား သတိထားကြည့်မိရာ ဂျိုဂျီယောင်းမှာ ဆောင်းဟန်ဘင်းမျက်စိမွှေးစူးသော စာရင်းထဲ ထိပ်ဆုံးမှပါလာခဲ့တယ်။ သူ့မှတ်ဉာဏ်သာမမှားရင် သူနဲ့ကျန်းဟောင့် ထိုလူကြောင့်နဲ့ရန်ဖြစ်ခဲ့ဖူးတာတွေလည်း ရှိခဲ့မည်ထင်၏။