「 အမုန်းတွေကုန်သွားအောင် နမ်းပြီးတဲ့အခါ... ကံကောင်းရင်တော့ အချစ်တွေကျန်နေဦးမှာပေါ့ 」
♡
အစာအိမ်ပြဿနာကြောင့် ဟန်ဘင်း alcohol ရှောင်ရတာဖြစ်၍ အရက်ခံနိုင်ရည်ဟာ မမြင့်။ ထို့ကြောင့် ကော့တေးတစ်ခွက်သည်ပင် ဟန်ဘင်းကိုမူးအောင်လုပ်ဖို့လုံလောက်သည်။ ကျန်းဟောင့်ကတော့ ဟန်ဘင်းနှင့်မတူ နဂိုကတည်းက တော်တော်သောက်နိုင်သည့်ထဲတွင်ပါပြီး အသည်းကွဲပြီးနောက်ပိုင်း စကေးမြင့်ကာ တော်ရုံတန်ရုံလောက်ကတော့ သူမမူးတော့။
ထို့ကြောင့် စုန့်ယီထည့်ပေးလာသမျှဝီစကီများကို လက်ခံဖို့ရန် တွေဝေမနေခဲ့။
"စုန့်ယီ မင်းပဲရှုံးမှာ"
"ကျစ် ပြောဖို့စောပါသေးတယ်ကွ"
ရစ်ကီမှာတော့ ထိုနှစ်ယောက်ကိုငေးကြည့်နေသည့် ဆောင်းဟန်ဘင်းကိုကြည့်ကာ ခေါင်းခါနေမိသည်။
"သူတို့နှစ်ယောက်က ငယ်ငယ်ထဲက သူငယ်ချင်းတွေလေ အခုလည်း တစ်ယောက်ကတေးရေးဆရာ တစ်ယောက်ကအဆိုတော် လိုက်ဖက်ပါတယ်"
"အင်း..." ဟန်ဘင်းမှာ 'အင်း'ဆိုသည်သာပြောပြီး ကျန်းဟောင့်ကိုငေးကြည့်နေတုန်း။
"ဒီလို ကြည့်နေမဲ့အစား သွားဆွဲခေါ်လိုက်ပါလား? ခင်ဗျား မနာလိုဘူးမဟုတ်လား?"
မနာလိုပေမဲ့ ဘာတတ်နိုင်မှာတဲ့လည်း ကျန်းဟောင့်ကအခု သူနဲ့တောင် စကားမပြောတာလေ...
"ကျန်းဟောင့်က ကျွန်တော်နဲ့မဆိုင်တော့ဘူး ပြီးတော့... မနာလိုရင်တောင် သူတို့နှစ်ယောက်လည်း ဘာမှဆက်ဖြစ်မှာမှ မဟုတ်တာ""ဘာလို့ ဘာမှဆက်မဖြစ်မှာလဲ ခင်ဗျားကြည့် ကောရယ်နေတာမြင်ရဲ့လား တစ်ခုခုဖြစ်သွားနိုင်တာပဲလေ"
ထိုအခါ ဆောင်းဟန်ဘင်းကဟက်ခနဲ တစ်ချက်ရယ်ကာ ရှန်ချွမ်းရွေ့ကိုစိုက်ကြည့်လိုက်၏။
"အဲ့တော့ သူ့အဖေက သဘောတူမှာတဲ့လား?"
သူ့အဖေဆိုတဲ့စကားကြောင့် ရစ်ကီမျက်လုံးတွေမှောင်မိုက်သွားတယ်။