Chapter 4

811 140 7
                                    

အတိတ်ကအကြောင်းအရာတွေထဲ မင်းနဲ့ပတ်သတ်တဲ့အမှတ်တရတိုင်းကတော့ ထင်ထင်ရှားရှား ပြတ်ပြတ်သားသား

"ချက်ချင်းမသောက်နဲ့ ရေနွေးပူနေသေးတယ်"

"ပြီးတော့ ရော့ဒီမှာ ဆေး"

ဘာကြောင့်ရယ်မသိ ဒီဆေးကိုဆောင်ထားမိတာ။ မိမိမှာ အစာအိမ်နာဝေဒနာမရှိတောင်မှ ဆေးဆောင်တာဟာ အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီ။ တွဲခဲ့သည့်အချိန်ဟာ တစ်နှစ်ခွဲ သို့သော် လမ်းခွဲပြီးလို့ ၅နှစ်ကြာသွားတာတောင် သတိထားကြည့်သည့်အခါ တချို့အကျင့်တွေကို ကျန်းဟောင့်မစွန့်လွှတ်နိုင်သေး။ ထိုသို့ဖြစ်ခြင်းမှာ ဦးနှောက်မှတ်ဉာဏ်ကောင်းလွန်းလို့များလား သို့မဟုတ် နှလုံးသားကဆောင်းဟန်ဘင်းနှင့်ပတ်သတ်လျှင်ကို အကုန်မှတ်မိနေလို့လား။

"ကျန်းဟောင့်..."

တဖက်လူက သူ့နာမည်ကိုနူးနူးညံ့ညံ့ခေါ်လာချိန်၌ ကျန်းဟောင့်မှာ မိမိအပြုအမူ လိုအပ်တာထက်ပိုနေမှန်း သတိထားမိသွားပါတယ်။ ဖြူဖျော့နေတဲ့ ဆောင်းဟန်ဘင်းရဲ့နှုတ်ခမ်းပါးနှင့် ဗိုက်ပေါ်ဖိထားသည့်လက်ကိုမြင်ပြီး မထင်မှတ်ပဲ အရင်အချိန်တွေတုန်းကအတိုင်းသူ တုန့်ပြန်မိသွားတာ။

"ဆေးက..ဘာလို့...ဟျောင်းဆီမှာ ရှိနေတာလဲ?"

"မင်းကံကောင်းသွားလို့နေမှာပေါ့ မြန်မြန်မသောက်ဘူးလား"

"အာ..."

'မင်းသောက်နေကျမို့ ဝယ်ထားမိတာ'လို့ ပြောလိုက်လို့မဖြစ်ဘူးလေ။ ထို့ကြောင့်မျက်နှာပြောင်တိုက်ပြီး ကံကိုသာလွှဲချလိုက်သည်။ အစာအိမ်နာ၊ လေထိုးလေအောင့်ဖြစ်နေကြလူတိုင်းဟာ ဒီလိုဆေးများ ပေါပေါသီသီ ဆောင်လေ့ရှိပေမဲ့ ဒေါင်ဒေါင်မြည်နေသည့် ကျန်းဟောင့်မှာ အခုလိုဆေးဆောင်ထားသည့်အကြောင်း ဆောင်းဟန်ဘင်းတခြား အထင်အမြင်မလွဲဖို့လည်း တိတ်တိတ်လေးဆုတောင်းမိပါသည်။

"ကျေးဇူးပါဟျောင်း"

"မင်းပဲယူသွားလိုက်တော့ အစကတော့ ဆေးသေတ္တာထဲဖြည့်မလို့ဝယ်ထားတာပဲ ဒါပေမဲ့ မင်းကပိုလိုမှာပါ"

You had me at HelloWhere stories live. Discover now