「 ✦ ဒီနေ့ကစပြီး ၁ ရက် ✦ 」
မီးရောင်တစ်ဝက်ပဲဖွင့်ထားသော အကခန်းမဟာ မှေးမှိန်နေပေမဲ့ ခန်းမအတွင်းရှိ တီးလုံးသံဟာမြူးကြွလျက်။ ကျန်းဟောင့် စာကြည့်တိုက်မှအပြန် အကဌာနဘက် ခြေဦးတည်မိရာမှ ခြေလှမ်းတွေဟာ ထိုအကခန်းမရှေ့ ရပ်တန့်သွားခဲ့သည်။
ကကွက်များဟာ စည်းချက်နှင့်အညီ ပြောင်းလဲနေပြီး စည်းချက်လိုက် ပြောင်းလဲသွားသည့် လက်လှုပ်ရှားမှုပုံသဏ္ဍာန်များဟာ စက္ကန့်အလိုက် လျှင်မြန်စွာပြောင်းလဲနေပေမဲ့ ပြတ်သားထင်ရှားလှသည်။ လက်များကိုအသုံးပြုကာ ဂျီဩမေတြီပုံသဏ္ဍာန် တြိဂံများ၊ စတုရန်းများ စသောပုံစံအမျိုးမျိုးပြောင်းလဲ၍ ပုံဖော်ကသည့် tutting မှာ ဟန်ဘင်း၏ ကျွမ်းကျင်ရာတစ်ခုပင်။
သီချင်းပြီးဆုံးသွားသည်အထိ ကျန်းဟောင့်တယောအိတ်ကြိုးကိုကိုင်ရင်း ရပ်နေမိခဲ့သည်မှာ ကကွက်များ၏ ငြို့ငင်မှုအောက် မျောပါသွားတာကြောင့်ပင်။ သီချင်းပြီးဆုံးလို့ လက်တွေ့ပြန်ရောက်လာပြီး ခြေလှမ်းများကိုအသက်ဝင်စေလို့ ထွက်သွားဖို့ ပြင်လိုက်ပေမဲ့ ဆောင်းဟန်ဘင်းကကျန်းဟောင့်ကိုသတိပြုမိသွားခဲ့ပါသည်။
"ဟျောင်း"
ချောင်းကြည့်နေတာ လူမိသွားပြီဖြစ်လို့ ချော်လဲရောထိုင် နောက်ပြန်လှည့်လာပြီး ရင်ထဲရှိသောချီးကျူးစကားတစ်ခွန်းနှစ်ခွန်းကို ပြောထုတ်ခဲ့ရသည်။
"မင်းကတာ အရမ်းမိုက်တာပဲဟန်ဘင်း"
ပြိုင်ပွဲနီးနေတာကြောင့် ဟန်ဘင်းကျောင်းမှာ ညဘက်အထိလေ့ကျင့်ဖြစ်ပါတယ်။ များသောအားဖြင့် တစ်ယောက်ထဲပေါ့။
"ဟျောင်းအရင်က Kpop dance စိတ်ဝင်စားတယ်ဆို သင်ချင်လား?"
တဖက်၏ ဖိတ်ခေါ်မှူက အကသင်ပေးဖို့ချည်းပဲဖြစ်နိုင်ရင်တောင် ဒါကနှစ်ယောက်ပိုရင်းနှီးလာစေမည့် လမ်းစတစ်ခုဖြစ်ကြောင်း ကျန်းဟောင့်သိသည်။
"ဒါပေမဲ့ မင်းလေ့ကျင့်နေတာ အနှောက်အယှက်မဖြစ်စေဘူးလား?"
"ဟင့်အင်း လုံးဝမဖြစ်ပါဘူး ကျွန်တော်ဟိုတစ်ခေါက်နေမကောင်းတုန်းက ကူညီခဲ့လို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်တော်ဒီနေ့ ဟျောင်းကို အကသင်ပေးမယ်လေ အာ... မိုးချုပ်နေပြီ ဟျောင်းအချိန်ရရခဲ့လား?"