Chapter 8

774 133 35
                                    

Déjà Vu

စိတ်ထဲ ထွက်မသွားပါနဲ့လို့ တိတ်တဆိတ်ဆိုခဲ့ပေမဲ့ ဟန်ဘင်းမရှိတော့တဲ့ အကခန်းမကျယ်ကြီးထဲ သူတစ်ယောက်ထဲမနေချင်တော့။ ဒါကြောင့် ဆောင်းဟန်ဘင်းပြန်မလာခင် ကျန်းဟောင့်အရင်ထွက်သွားခဲ့တယ်။

အမြဲသတ္တိရှိသယောင်ထင်ရတဲ့ ကျန်းဟောင့်လည်း ဟန်ဘင်းရှေ့ရောက်ရင် သူရဲဘောင်ကြောင်မိတာ အခါခါပဲ။ မတတ်နိုင်ဘူး လူတွေက အချစ်ရှေ့မှာ ဒူးထောက်ရတာပါပဲ။ မနက် နေ့လယ် ည သုံးနပ်လုံးကို လက်ထောက်ကနေတဆင့်ပို့ခိုင်းပြီး နောက်ရက်တွေ ကျန်းဟောင့် ဟန်ဘင်းကိုသွားမရှာခဲ့သလို ဟန်ဘင်းလည်းသူ့ကိုလာမရှာဘူး။ ကံကြမ္မာရယ် အလိုက်သိတာလား မသိတာလား မသိ ကုမ္ပဏီတစ်ခုထဲအလုပ်လုပ်တဲ့သူတို့နှစ်ယောက် မတွေ့ချင်ပြန်တော့လည်း လုံးဝမတွေ့။ ကျန်းဟောင့် ထယ်ရယ်ဆီသွားလည်တာတောင် ဟန်ဘင်းနဲ့မတွေ့ခဲ့ပါဘူး။

တိုးတက်လာတယ်ထင်ထားခဲ့သော ဆက်ဆံရေးက ပြန်ပြီးအေးစက်သွားပြီ။ ကျန်းဟောင့် ဒါကိုနှမြောမိပေမဲ့... ရှေ့လျှောက် ဘာမှဆက်မဖြစ်မဲ့အတူတူ ဒီလိုဖြစ်သွားတာလည်း ကောင်းတာပဲလို့ ဖြေသိမ့်လိုက်ရတယ်။ အသက်တွေလည်းကြီးနေပြီ ၃၀နားနီးနေတဲ့ ယောကျာ်းတစ်ယောက်က တစ်ဖက်သက်အချစ်ဆိုတဲ့ဇာတ်လမ်းမျိုးကို ပြန်မစသင့်တော့ဘူး အဲ့လိုဇာတ်လမ်းမျိုးကို ကိုယ်ရည်းစားဟောင်းအပေါ်စရင် ပိုပိုပြီးတောင် မစသင့်ဘူးမဟုတ်လား။

ဒါပေမဲ့ ဆုံးဖြတ်ချက်တစ်ခုချပြီးတိုင်း ကံကြမ္မာဟာ စမ်းသပ်တတ်တယ်ထင်ပါရဲ့ မတွေ့တာတစ်ပတ်လောက်ရှိပြီဖြစ်တဲ့သူတို့နှစ်ယောက် အခုပေကျင်းကိုသွားမဲ့လေယာဉ်ပေါ် ဘေးချင်းယှဉ်ထိုင်နေရပြန်ပြီ။ ဒီကိစ္စကို မကျေနပ်လို့ ကျန်းဟောင့်သူ့လက်ထောက်မလေး ကျင်းကျင်းကို စာလှမ်းပို့လိုက်ပါတယ်။

[သူကဘာလို့ ငါ့ခုံဘေးရောက်နေတာလဲ?]

[ကျန်းလောင်ရှီး လေယာဉ်လက်မှတ်ကသုံးစောင်ဝယ်ထားတာပါ တစ်ယောက်ယောက်ကတော့ လူစိမ်းတစ်ယောက်နဲ့ရောထိုင်ရမှာ ဖြစ်ချင်တော့ ရောထိုင်ရမဲ့ခုံက မိန်းကလေးဖြစ်နေလို့ မိန်းကလေးချင်းထိုင်ရ ပိုအဆင်ပြေအောင်ဆိုပြီး ဆရာဟန်ဘင်းက ကျွန်မနဲ့ခုံနေရာ လဲပေးခဲ့ပါတယ်]

You had me at HelloWhere stories live. Discover now