「 ကွဲသွားတဲ့ ဖန်ခွက်က ပြန်ဆက်ဖို့မဖြစ်နိုင်တော့ဘူး... 」
Recommended song - AKMU - 어떻게 이별까지 사랑하겠어, 널 사랑하는 거지(How can I love the heartbreak, you're the one I love)
🤍ထာဝရလို့ထင်ခဲ့ပေမဲ့ တခဏသာဖြစ်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး။ တကယ်တော့ တဖြည်းဖြည်း အေးစက်လာခဲ့တဲ့ ဒီဆက်ဆံရေး အခြေအနေကို ကျန်းဟောင့်လည်းသတိထားမိပါတယ်။ အသက်မဲ့နေတဲ့ သူတို့နှစ်ယောက်ဆက်ဆံရေးကို ပြင်ဆင်လို့ရငြား ဟန်ဘင်းတွေ့ဖို့ချိန်းတဲ့အချိန် စုံတွဲလက်စွပ်လေးတစ်စုံ ကိုယ်တိုင်သွားဝယ်ပြီး ဒီဆက်ဆံရေးကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားခဲ့ဖူးတာကို ဆောင်းဟန်ဘင်းတော့ သိမယ်မထင်ဘူး။
"ကျန်းဟောင့် လမ်းခွဲရအောင်"
စကားလုံးတွေအဆုံးမှာ အနွေးထည်အိတ်ကပ်ထဲက လက်စွပ်ဗူးကိုကိုင်ထားတဲ့ ကျန်းဟောင့်လက်တွေတင်းကျပ်သွားခဲ့တယ်။ ရောက်လာခဲ့ပြီပဲ ဒီအချိန်...
ငယ်ရွယ်မှုနဲ့ မာနက နှလုံးသားမှထွက်ပေါ်လာတဲ့ မေးခွန်းတွေကို ထုတ်မေးဖို့ တားစီးခဲ့ပုံပဲ။ "ဘာလို့လဲ" "ဘာကြောင့်လဲ" "ငါတို့နှစ်ယောက် သိပ်ချစ်ခဲ့ကြတာမဟုတ်လား?" "ဟန်ဘင်းမင်းမရှိရင်ငါ..." လည်ချောင်းထဲ တစ်စို့နေတဲ့စကာလုံးတွေကြား...
"ကောင်းပြီ" ဒီတစ်ခွန်းသာထွက်လာလို့ ကျန်းဟောင့်သူ့ရဲ့ရှုံးနိမ့်မှုကို ဝင်ခံလိုက်ပါပြီ။ သူရှုံးသွားပြီ ဆောင်းဟန်ဘင်းဆီမှာ အလျှော်အစားအနေနဲ့တော့ နှလုံးသားကိုပေးခဲ့ရတယ်... လိုလိုချင်ချင်ပေါ့။
ဟန်ဘင်းစပြီး ပြောင်းလဲသွားတာ တရုတ်ပြည်က သူ့အဖေရဲ့ ဖုန်းခေါ်ဆိုမှုကြောင့်လို့ ထင်ခဲ့ပေမဲ့ နောက်ပိုင်းတော့ ဟုတ်ပုံမရဘူး။ ဟန်ဘင်းပေါ်ရှိတဲ့ သူ့ယုံကြည်မှုတွေလည်း တဖြည်းဖြည်းလျော့နည်းလာခဲ့တာက ဟန်ဘင်းရဲ့ဂျူနီယာကောင်မလေးတစ်ယောက်ကြောင့်။ ယောကျာ်းကြီးတန်မဲ့ မိန်းကလေးတစ်ယောက်နဲ့ လိုက်ပြိုင်နေရတာ သိပ်ကိုဆိုးရွားလွန်းတာ ကျန်းဟောင့်သိပါတယ် ဒါပေမဲ့ သူက ချစ်သူတစ်ယောက်မဟုတ်လား? ထုတ်မပြခဲ့တဲ့ သံသယတွေကြောင့်လည်းပါပါလိမ့်မယ် ဒီဝေးကွာမှုဟာ အခုတော့ မျက်စိရှေ့မှောက်ရောက်လာခဲ့ပြီ။