Chapter 10 ( Final )

1K 123 39
                                    


All you needed was a simple 'Hello' to win my heart, Hanbin—you had me at hello.

ဟန်ဘင်းက မနက်အစောကြီးထတတ်တဲ့လူ။ ဟန်ဘင်းနဲ့ဆန့်ကျင်ဘက် ကျန်းဟောင့်ကတော့ နောက်ကျမှအိပ်ရာထရတာကိုသဘောကျတယ်။ အရင်ချိန်တွေ အိပ်ယာတစ်ခုထဲမျှသုံးခဲ့တုန်းက စောစောနိုးတတ်တဲ့ ဆောင်းဟန်ဘင်းတစ်ယောက် အိပ်ပျော်နေစဲ ချစ်သူလေးမျက်နှာကို ငေးကြည့်တဲ့ morning routine လေးတစ်ခုရှိခဲ့ဖူးတာ။

ဒီအလေ့အကျင့်ကို မလုပ်ဖြစ်ခဲ့တာ ၅နှစ်ကျော်ကြာသွားပေမဲ့ နိုးနိုးချင်း မြင်လိုက်ရတဲ့ နူးနူးညံ့ညံ့မျက်နှာလေးကြောင့် ခေါင်းအုံးပေါ်မေးထောက်ရင်း အလေ့အကျင့်ဟောင်းကို ပြန်လည်စတင်ပါတယ်။

အနက်ရောင်ဆံနွယ်တွေဟာ ဘေးစောင်းအိပ်နေသော ကျန်းဟောင့်မျက်နှာပေါ် လွတ်လပ်စွာကျနေပြီး မျက်ခုံးတစ်ဖက်နှင့်နဖူးဟာ ထိုဆံနွယ်တွေကြား အနည်းငယ်လစ်ဟာနေတာကြောင့် ကျန်းဟောင့်မျက်နှာပြင်နှင့်ဆံပင်လိုင်းအဆက်ရှိ မှဲ့နက်လေးဟာ မနက်ခင်းနေရောင်ခြည်အောက်မှာ ထင်းခနဲ။

မနေ့ညကဟန်ဘင်းကိုက်ထားတာကြောင့် အနည်းငယ်ပေါက်နေသော အောက်နှုတ်ခမ်းဟာ ပါးပြင်နှင့်ခေါင်းအုံးထိစပ်မှုကြောင့် နည်းနည်းအရှေ့ရောက်နေပြီး နှုတ်ခမ်းလေးဟပြီး အသက်ရှုရင်းအိပ်ပျော်နေတဲ့ ကျန်းဟောင့်ပုံစံဟာ ချစ်ဖို့လည်းကောင်းသလို ရယ်ချင်စရာလေးလည်းဖြစ်နေခဲ့တာ။

နဖူးပြင်ရှိနူးညံ့သောဆံနွယ်တွေကြား ဟန်ဘင်းလက်ချောင်းတွေတိုးဝင်သွားပြီး ပိုပြီးထင်ရှားလားတဲ့ ဆံပင်အဆက်နားကမှဲ့လေးပေါ် ခေါင်းငုံ့လို့နှုတ်ခမ်းတွေနဲ့ ဖြည်းဖြည်းချင်း ထိလိုက်တယ်။ ဒီလိုမလုပ်ရတာ ဘယ်လောက်ကြာပြီတဲ့လဲ... ရင်ခွင်ထဲထည့်ပြီး ဖက်ထားခွင့်မရတာ ဘယ်လောက်တောင်ကြာပြီလဲ... ဒါ..နှစ်ယောက်ကြားကအချစ်ကို မယုံကြည်မိခဲ့တဲ့ သူ့အမှားတွေချည်းပါပဲ...

ဒါပေမဲ့ ကျန်းဟောင့်အိပ်နေတာကိုငေးကြည့်ရင်း ဟန်ဘင်းဒီနေ့ကစပြီး သူ့ကိုယ်သူ ကံအကောင်းဆုံးလူသားတစ်ယောက်လို့ ယူဆထားလိုက်ပြီ။ ဘာကြောင့်ဆို နှလုံးသားတစ်ခုလုံးဆုံးရှုံးသွားခဲ့ပေမဲ့... ဆုံးရှုံးသွားတော့မလိုဖြစ်ခဲ့ပေမဲ့... ကံကောင်းစွာနှလုံးသားလေးဟာ အိမ်ဆိုသည့်နေရာလေးကို မှတ်မိနေပေးခဲ့ပြီး တည့်တည့်မတ်မတ်ပြန်လာပေးခဲ့တာကြောင့်...

You had me at HelloWhere stories live. Discover now