Chapter 3

850 152 9
                                    

  မှားယွင်းသွားတဲ့ ဆုံးဖြတ်ချက်တွေအတွက် ကံကြမ္မာဟာ နောက်တစ်ကြိမ်အခွင့်အရေးပေးလောက်မလား ?

🎻🧊

မြင်မြင်ချင်းအချစ်ဆိုတာကို ကျန်းဟောင့်အယုံအကြည်မရှိသူပါ။ ဒါပေမဲ့ ဆောင်းဟန်ဘင်းကိုမြင်ပြီး ပြောင်းလဲသွားတဲ့ နှလုံးခုန်သံနဲ့ အာရုံထဲ၌လည်းဒီကောင်လေးပဲဆက်တိုက်စိုးမိုးနေလို့ နောက်ဆုံးမှာတော့ မြင်မြင်ချင်းအချစ်ဆိုတဲ့ခေါင်းစဉ်အောက် ကျန်းဟောင့် ကျရှုံးလို့သွားပြီ။ ဝန်ခံပါတယ်လေ သူချစ်မိသွားပြီ။

ဌာနနှစ်ခုကသိပ်မဝေးဘူး။ မျက်နှာခြင်းဆိုင်လောက်သွားကျတာမို့ ကျန်းဟောင့် ကျောင်းကပွဲကိုအကြောင်းပြပြီး အကဌာနဘက် အလည်သွားခြင်းကို စတင်တော့တယ်။ ထိုအချိန်တွေတုန်းက သူတော်တော်ကို တက်ကြွခဲ့တာပါ။ ဂီတမေဂျာလိုမဟုတ်ပဲ အကမေဂျာဆိုတဲ့အတိုင်း လှုပ်လှုပ်ရှားရှားကခုန်နေကြတာဖြစ်လို့ ဖြတ်သွားဖြတ်လာလိုလို အကခန်းမထဲချောင်းကြည့်ရင်း အရင်နေ့တုန်းကတွေ့ခဲ့တဲ့ ကောင်လေးများရှိနေမလား ရှာကြည့်လေ့ရှိတယ်။

ဝမ်းသာစရာတစ်ခုက လူအုပ်ထဲ ဆောင်းဟန်ဘင်းဆိုတဲ့ကောင်လေးကိုရှာကြည့်ဖို့ လွယ်ကူလွန်းတယ်။ ထိုကောင်လေးက တခြားလူတွေလိုမျိုး ကနေချိန်အပေါ်က hoodie လိုပွပွယောင်းယောင်းအဝတ်အစားတွေဝတ်လေ့မရှိပဲ ရိုးရိုးရှင်းရှင်း တီရှပ်ဗြောင်ကိုသာ sport pants နဲ့တွဲဝတ်လေ့ရှိတာ။ တခါခါ baseball cap ကို ငိုက်စိုက်စောင်းတတ်တယ်။

အစတုန်းကတော့ စိတ်ဝင်စားမိတဲ့လူကို သိချင်ရုံသက်သက်၊ သို့ပေမဲ့ ကြည့်ရင်းကြည့်ရင်း ကနေတဲ့ထိုကောင်လေးရဲ့ ဆွဲဆောင်မှုအောက် လုံးလုံးအငြို့ခံလိုက်ရတယ်ထင်ပါတယ်။ အင်းလေ... ဟန်ဘင်းဆွဲဆောင်မှုအရှိဆုံးအချိန်တွေက အိပ်ယာပေါ်မဟုတ်ရင် ကနေတဲ့အချိန်တွေမဟုတ်လား သူကလည်း ဒီလိုအချိန်မျိုးကိုမှ သွားကြည့်မိတာကို။ အဲ့တော့ စိတ်နှလုံးဟာ ငြို့ငင်နိုင်မှုအောက် ဒူးထောက်လို့သွားရပြီ။

လက်တိုတီရှပ်ကြောင့် ကလို့လက်မြှောက်လိုက်သည့်အခါတိုင်း ထွက်ပေါ်လာသည့် လက်မောင်းအောက်ရှိ tattoo ကိုမြင်ခါစက ကျန်းဟောင့် တစ်ညလုံးအိပ်မပျော်ခဲ့ပါဘူး ပြောရရင် သူ့ရဲ့အိပ်မပျော်တဲ့ညတိုင်းကို ဆောင်းဟန်ဘင်းစိုးမိုးလို့ထားတာ... ထိုအချိန်ကတည်းကပေါ့။

You had me at HelloWhere stories live. Discover now