အပိုင်း ၁

1.2K 70 21
                                    

#Unicode

သူ့နာမည်က ထင်ပေါ်ကျော်ကြား ။
အားလုံးထက်ထင်ပေါ် ကျော်ကြားစေချင်လို့ဆိုပြီး အမေဖြစ်သူကိုယ်တိုင်က နာမည်ပေးထားခဲ့တာဖြစ်သည်။

အမေဖြစ်သူရဲ့ဆန္ဒကပြည့်ဝခဲ့တယ်လို့ပဲဆိုရမည်။
ရပ်ထဲရွာထဲမှာ ထင်ပေါ်ကျော်ကြားလောက် ထင်ပေါ်ကျော်ကြားတဲ့သူမရှိသည်လေ။

ထစ်ခနဲဆိုရင် ပြေးမကြည့်လိုက်နဲ့ .. အဲ့တာက ထင်ပေါ်ကျော်ကြား ။
ကြက်ဝိုင်းလား ... ထင်ပေါ်ကျော်ကြားက ထိပ်ဆုံးက ။
ဖဲဝိုင်းလား ... ထင်ပေါ်ကျော်ကြားက ထိပ်ဆုံးက။
ရန်ဖြစ်ပြီဟေ့ဆိုရင်လည်း ထင်ပေါ်ကျော်ကြားကထိပ်ဆုံးကပါပဲ ။

ထန်းတောကြီးကျေးရွာမှာ ကလေးကအစခွေးအဆုံး ထင်ပေါ်ကျော်ကြားကိုမသိတဲ့သူမရှိသည်အထိ ထင်ပေါ်ကျော်ကြားက နာမည်ကြီးသည် ။

အဆိုးဘက်ကြီးပဲတော့မဟုတ် ...အကောင်းဘက်မှာလည်း နာမည်ကြီးပါသေးသည်။ ရပ်ရေးရွာရေးမှာလည်း ထင်ပေါ်ကျော်ကြားက ထိပ်ဆုံးကပါဝင်တတ်သည်လေ။

"သား.. ပေါ်လေး ။ အမေ့သားလေး ထတော့လေ ... နေ့လယ်ရောက်ပြီ။ မနက်စာတောင်မစားလိုက်ရအောင်အထိ အိပ်ရသလားကွယ်.. သနားစရာ အမေ့ကလေးလေး"

ထိုစကားက ရွဲ့နေခြင်းမဟုတ် ။ ဒေါ်အေးခင်ရဲ့ သားဖြစ်သူ ထင်ပေါ်ကျော်ကြားအပေါ် အကဲပို သဲသဲလှုပ်ခြင်းသာဖြစ်သည်။
ထင်ပေါ်ကျော်ကြားက ဖတဆိုးသားပေမို့ ဒေါ်အေးခင်သည် ငယ်ငယ်ကတည်းက မရိုက်ရက်၊မဆူရက်၊မထိရက်၊မကိုင်ရက်နှင့် အလိုလိုက်ခဲ့တာဖြစ်သည် ။ဒေါ်အေးခင်၏သားကို သဲသဲလှုပ်ချစ်ပုံအား တစ်ရွာလုံးကလည်း လက်ဖျားခါရသည်။

"အမေ... ကျုပ်အိပ်ချင်သေးတယ်ဗျာ။မနေ့ညက သောက်ထားတာအရှိန်မသေသေးဘူး"

"အော် ပေါ်လေးရယ် ထမင်းစားပြီးမှပြန်အိပ်လေ... သားကြိုက်တဲ့ ဆတ်သားခြောက်စပ်ချဥ်လေးချက်ထားတယ် ၊ ပဲဟင်းလေးကပါသေးတော်"

ဆတ်သားခြောက်စပ်ချဥ်ဆိုသည့်အသံကြောင့် ထင်ပေါ်အိပ်ချင်ပြေသွားရသည်။ချက်ချင်းလက်ငင်းပင် ကုန်းရုန်းထလိုက်ပြီး

ယောက်ဖတော်အား ချစ်ကျွမ်းဝင်ခဲ့သည်Where stories live. Discover now