အပိုင်း ၃

329 45 11
                                    

#Unicode

"ပျိုပျို .. အမေ စားပွဲပေါ်မှာတင်ထားတဲ့သခွားသီး မတွေ့မိဘူးလား"

ဒေါ်မေချစ်တစ်ယောက် ထမင်းဝိုင်းပြင်နေရင်း သခွားသီးရှာမတွေ့တာကြောင့် ပျိုပျို့အားမေးလိုက်သည် ။

"အို မေမေကလဲ ... ပျိုက သခွားသီးကိုဘာလုပ်ရမှာလဲ"

သားအမိနှစ်ယောက် ဟိုကြည့်သည်ကြည်နှင့် သခွားသီးရှာပုံတော်ဖွင့်နေရသည် ။
ထမင်းဝိုင်းက ထိုင်စောင့်နေသည့် သူကြီးဦးရွှေပေါမှာလည်း လည်ပင်းတရှည်ရှည်။

"မေချစ်...ငါကဒီတစ်သက် သခွားသီး တို့ရအုံးမှာလားဟ"

သူကြီး ဦးရွှေပေါမှာ စိတ်မရှည်ချင်တော့ပေ။ငါးပိရည်ကျိုခွက်ကြီးထိုင်ကြည့်ပြီး တို့စရာမရှိသည်က ခံရခက်၏ ။

"ကျုပ် အထားမမှားဘူး ကိုရွှေပေါရဲ့။ဒါ... ကိုကို့လက်ချက်ပဲနေမယ်"

ထင်ရာမှန်းမနေချင်တော့ပေ ။ လက်တွေ့ပြေးကြည့်ဖို့အတွက် ရွှေကို့အခန်းထဲသို့ ဒေါ်မေချစ် ဦးတည်ရတော့သည်။

ဒေါ်မေချစ် မှန်းဆချက်က မှားမနေပေ ၊ ငါးပိရည်ကျိုနှင့်တို့စားဖို့ ဝယ်ထားသည့်သခွားသီးက ရွှေကို့ရဲ့မျက်နှာထက်ကို ရောက်နေလေပြီ ။
ကုတင်ပေါ်မှာ အကျအနလှဲအိပ်၍ မျက်နှာပေါ် သခွားသီးတင်ထားတဲ့သားဖြစ်သူကို ဒေါ်မေချစ်ခါးထောက်ကာကြည့်လိုက်သည်။

"ဟဲ့! ရွှေကိုကိုခင်!"

"အမေ့! လန့်လိုက်တာဗျာ!"

ရွှေကို လန့်၍ထလိုက်တာကြောင့် မျက်နှာပေါ်ကသခွားသီးတချို့တောင်ပြုတ်ကျသည်။

"ငါ့သခွားသီးတွေကို ဘာလုပ်တာတုန်း!"

"သား မျက်နှာကိုထိန်းသိမ်းနေတာအမေရဲ့.. အသားအရေလှအောင်လို့လေ"

ဒေါ်မေချစ်မှာ သွေးတွေပင်ဆောင့်တက်လာရ၏ ။ သမီးမိန်းကလေးက ဒီလောက်အထိမဟုတ်ဘဲ သားယောက်ျားလေးက အလှအပကြိုက်နေသည် ။ အခုလည်း ငါးပိရည်ကျိုနှင့်တို့စားမည့် သခွားသီးကို မျက်နှာလှဖို့သုံးလိုက်ပြန်သည် ။

"ရွှေကိုကိုခင်... ရွှေကိုကိုခင် ။ နင်နဲ့လည်း ငါသေသာသေလိုက်ချင်တယ်... နင့်အဖေစားချင်လို့ ဝယ်ထားတဲ့ သခွားသီးဟဲ့ "

ယောက်ဖတော်အား ချစ်ကျွမ်းဝင်ခဲ့သည်Where stories live. Discover now